
နေပြည်တော် မတ် ၂၈
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ရှိ ယာယီခိုလှုံရာ စခန်း များဖြစ်သော အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနစခန်း၊ ပျံကျစခန်း၊ စည်ပင်စခန်း၊ မြို့ပိုင်ကုန်းစခန်း များနှင့် ဆွေမျိုးများ၏ နေအိမ် များတွင် ခေတ္တခိုလှုံနေထိုင်လျက် ရှိသည့် ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင် ၃၆၃ စုမှ မိသားစုဝင် လူဦးရေ ၁၅၀၄ ဦးတို့ သည် ယနေ့တွင် ၎င်းတို့၏ သဘောဆန္ဒအရ မူလနေရပ်ဒေသ များဖြစ်သော ပလက်ဝမြို့နယ် အတွင်း ကျေးရွာများသို့ ပြန်လည် နေထိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ချင်းပြည်နယ်အစိုးရ အဖွဲ့နှင့် တပ်မတော်တို့မှ ၎င်းတို့ ၏ မူလနေရပ်ဒေသများသို့ပြန်လည် နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခဲ့ရာ ၎င်းတို့၏ အိမ်သုံးပစ္စည်းများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက မော်တော်ယာဉ်များ၊ စက်လှေများ ပေါ်သို့ ကူညီသယ်ယူပို့ဆောင် ပေးကြသည်။
ဆမီးမြို့ရှိ ယာယီခိုလှုံရာ စခန်းများတွင် ခေတ္တခိုလှုံနေထိုင် လျက်ရှိသော ယာယီတိုက်ပွဲရှောင် ဒေသခံ အိမ်ထောင်စုဝင်များ အားလုံးသည် ၎င်းတို့၏ နေရပ် ဒေသများသို့ ပြန်လည်နေထိုင် ကြပြီးဖြစ်သဖြင့် အဆိုပါယာယီ ခိုလှုံရာစခန်းများအား ပိတ်သိမ်း ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်