ချမ်းမြသာစည်မြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ကန်တော်ကြီး - မန္တလေး) ၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များအား ဆွမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးအား ငွေပဒေသာပင် စိုက်ထူလှူဒါန်း

 

နေပြည်တော်   ဧပြီ    ၁၈


မန္တလေးတိုင်းဒေသကြီး   ချမ်းမြ သာစည်မြို့နယ် ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး     (ကန်တော်ကြီး-မန္တလေး) ၌ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော သံဃာ တော်များအား   ဆွမ်း၊   လှူဖွယ် ဝတ္ထုပစ္စည်းများ       ဆက်ကပ် လှူဒါန်းခြင်းနှင့် ဇီဝိတဒါန သံဃာ့ ဆေးရုံကြီးအား    ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်း အလှူတော်  မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင်  အဆိုပါ  ဆေးရုံကြီး၌  ပြုလုပ်ရာ  ချမ်းအေးသာစံမြို့နယ် မိုးကောင်း ကျောင်းတိုက် ရတနာသင်္ဂီဒိုက်ဦး ကျောင်း   ဆရာတော်  အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဇောတိကာဘိဝံသ  အမှူးပြုသော    သံဃာတော်များ ကြွရောက်တော်မူကြပြီး    နိုင်ငံ တော်     စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  ဦးမောင်ကို၊ တိုင်းဒေသ ကြီး   ဝန်ကြီးချုပ်    ဦးမျိုးအောင်၊  အလယ်ပိုင်းတိုင်း     စစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ်   ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသကြီး    ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူ များက ရတနာသင်္ဂီဒိုက်ဦးကျောင်း  ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ပရိတ်တရား တော်များ      နာယူကြည်ညိုကြ သည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင် ဦးမောင်ကိုက သာသနာရေးဆိုင်ရာ များ လျှောက်ထားပြီး ဆရာတော် ကြီးများ၏ ဩဝါဒကို ခံယူသည်။ ယင်းနောက်         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသကြီး  ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဆရာတော်၊ သံဃာတော်များအား  လှူဖွယ် ပစ္စည်းများနှင့်   နဝကမ္မဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းကြပြီး ဇီဝိတ ဒါန သံဃာ့ဆေးရုံကြီး  (ကန်တော် ကြီး - မန္တလေး) အတွက် ငွေပဒေသာ ပင် အလှူငွေကျပ်သိန်း  ၅၀  ကို    ပေးအပ်လှူဒါန်းရာ   တာဝန်ရှိသူ တစ်ဦးက      လက်ခံရယူသည်။  ဆက်လက်၍     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်    ဦးမောင်ကို၊ တိုင်းဒေသကြီး  ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာသူများက ရတနာသင်္ဂီဒိုက်ဦး ကျောင်း    ဆရာတော်ထံမှ    အနု မောဒနာတရားနာယူကာ လှူဒါန်း  မှု အစုစုတို့အတွက် ရေစက်သွန်းချ   အမျှပေးဝေကြပြီး ဆရာတော်ကြီး များနှင့်     ဆေးရုံတက်ရောက် ကုသလျက်ရှိသော  ဆရာတော်၊ သံဃာတော်များအား   နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ 

 


ထို့နောက်      တိုင်းမှူးနှင့်  တာဝန်ရှိသူများက       မန္တလေး  အထွေထွေရောဂါကု ဆေးရုံကြီး  မန်းတောင်ရိပ်အထွေထွေရောဂါ ကုသဆောင်၌        ကျန်းမာရေး  စောင့်ရှောက်မှု ခံယူလျက်ရှိသော  နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်  ကျောင်းတိုက်ဆရာတော် အဘိ ဓဇ  မဟာရဋ္ဌဂုရု   အဘိဓဇအဂ္ဂ  မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ  ဘဒ္ဒန္တကုမာရာဘိဝံသ       ထံသို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေး တိုးတက်ကောင်းမွန် မှု   အခြေအနေများကို မေးမြန်း  လျှောက်ထားကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ      ဆက်ကပ်လှူဒါန်း ကြသည်။    ဆရာတော်ကြီးအား  လိုအပ်သည့်ကျန်းမာရေး စောင့် ရှောက်မှုများကို အထူးကုဆရာဝန် ကြီးများက    အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိရာ  ဆရာ တော်ကြီး၏ ကျန်းမာရေးအခြေ အနေမှာ      တိုးတက်ကောင်းမွန် လျက်ရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်