
ကျောင်းတွင်းဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနား ကျင်းပ
====================================================================================
နေပြည်တော် နိုဝင်ဘာ ၅
ကျောင်းတွင်း ဆိုက်ဘာခြိမ်းခြောက် မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင် ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ယူနက်စကို အလုပ်အမှုဆောင် အဖွဲ့၏ (၂၀၇) ကြိမ်မြောက် အစည်းအဝေးတွင် ပြင်သစ်၊ မက္ကဆီကို၊ မော်ရိုကိုနိုင်ငံ များ၏ အဆိုပြုချက်များကို နိုဝင်ဘာလ တွင် ကျင်းပသည့် အကြိမ်(၄၀)မြောက် ယူနက်စကို အထွေထွေညီလာခံတွင် အတည်ပြုခဲ့ပြီး “ကျောင်းတွင်း ဆိုက်ဘာ ခြိမ်းခြောက်မှုများ၊ အကြမ်း ဖက်မှုများနှင့်အနိုင်ကျင့်မှုများ ဆန့်ကျင် တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့” အဖြစ် ယူနက်စကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံက သဘောတူခဲ့ပါကြောင်း။
ကြေညာသတ်မှတ်ခဲ့
ကျောင်းများတွင် အနိုင်ကျင့်မှုများ ဖြစ်ပွားသော ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အကြမ်းဖက်မှုများသည် ကလေး သူငယ်များနှင့် ဆယ်ကျော်သက် အရွယ်ကလေးများ၏ ပညာသင်ယူ ခွင့်၊ ကျန်းမာပျော်ရွှင်ခွင့်ကို ထိပါး နှောင့်ယှက်ခြင်း ဖြစ်သည်ကို ယူနက်စကိုအဖွဲ့ဝင် နိုင်ငံများက နားလည် သဘောပေါက်ကြပါ ကြောင်း၊ ထို့ကြောင့် နှစ်စဉ် နိုဝင်ဘာလ ပထမသီတင်းပတ်၏ ကြာသပတေးနေ့ကို ကျောင်းတွင်း ဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်း ဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည် ဆိုင်ရာနေ့အဖြစ် ကြေညာသတ်မှတ် ခဲ့ခြင်းဖြစ်ပါကြောင်း။
ယူနက်စကို အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အခြား ဆက်စပ်သော နိုင်ငံတကာနှင့် ဒေသ ဆိုင်ရာ အဖွဲ့အစည်းများသာမက အရပ်ဘက်အဖွဲ့အစည်း၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၊ လူတစ်ဦးချင်း နှင့် အခြားပါဝင်ပတ်သက်သူများ အနေဖြင့် အဆိုပါနေ့ကို ပူးပေါင်းပါဝင် ဆင်နွှဲပြီး တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းနှိုးဆော်ပါကြောင်း။
လွန်ခဲ့သည့် ပျမ်းမျှတစ်လတွင် ကျောင်းများ၌ ကျောင်းသားသုံးဦး လျှင် တစ်ဦးခန့်သည် ၎င်းတို့၏ သက်တူ ရွယ်တူများ၏ အနိုင်ကျင့်ခံရမှုများကို အနည်းဆုံးတစ်ကြိမ် ကြုံတွေ့ရပြီး ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ လည်း အလားတူ ကြုံတွေ့ခဲ့ရပါ ကြောင်း၊ ကျောင်းတွင်းအကြမ်းဖက် မှုနှင့် အနိုင်ကျင့်ခံရမှုများသည် များသောအားဖြင့် သက်တူရွယ်တူ များက ကျူးလွန်မှုများဖြစ်ပြီး အချို့မှာ ဆရာ ဆရာမများနှင့် အခြားကျောင်း ဝန်ထမ်းများက အနိုင်ကျင့်နှိပ်စက်မှု များ ဖြစ်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးမှုများသည်လည်း နိုင်ငံ ပေါင်း ၆၇ နိုင်ငံတွင် ယခုအချိန်အထိ ရှိနေဆဲဖြစ်ပါကြောင်း၊ ကျောင်းသား ၁၀ ဦးလျှင် တစ်ဦးသည် ဆိုက်ဘာ အနိုင်ကျင့်ခံနေရ၍ နောင်တွင် ဆိုက်ဘာအနိုင်ကျင့်ခံရမှု ဖြစ်နိုင်ခြေ ပိုမိုများနေပါကြောင်း၊ ယူနက်စကိုက ယခုနှစ် အပြည်ပြည်ဆိုင်ရာနေ့ အခမ်း အနားဆောင်ပုဒ်ကို “ကျောင်းတွင်း အနိုင်ကျင့်မှု ကင်းဝေးဖို့ အတူလက်တွဲ ဆန့်ကျင့်စို့” “Together Against Bullying in School” ဟု သတ်မှတ် ကျင်းပခြင်းဖြစ်ပါကြောင်း။
အကြမ်းဖက်မှုများသည် ယေဘုယျ အားဖြင့် သင်ယူတတ်မြောက်မှု၊ စိတ်ကျန်းမာရေးနှင့် အရည်အသွေး မြှင့်တင်ရေးတို့အပေါ် သိသာထင်ရှား သည့် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေပါကြောင်း၊ ကျောင်းများတွင် မကြာခဏ အနိုင်ကျင့်ခံရသော ကလေး များသည် ကျောင်းနှင့်မသက်ဆိုင်သူ တစ်ဦးကဲ့သို့ သုံးဆနီးပါး ခံစားရပြီး မကြာခဏ အနိုင်ကျင့်မခံရသော ကလေးများထက် ကျောင်းတက်လို စိတ်နှစ်ဆမက နည်းပါးပါကြောင်း၊ အဆိုပါ ကလေးများ ၎င်းတို့၏ အတန်း ဖော်များထက် ပညာရေးဆိုင်ရာ ရလဒ် များ မကောင်းသည့်အတွက် အထက် တန်းပညာပြီးဆုံးပြီးသည့် နောက်တွင် ကျောင်းထွက်လိုစိတ် ပိုမိုဖြစ်ပေါ်ပါ ကြောင်း၊ ထို့ကြောင့် ကျောင်းတွင်း ဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်း ဖက်မှုများနှင့် အနိုင်ကျင့်နှိပ်စက်မှုများ ကို ကာကွယ်တားဆီးရန်နှင့် လျော့နည်း ပပျောက်စေရန်အတွက် အရှိန်အဟုန် ဖြင့် တိုးတက်ကောင်းမွန်စေမည့် အကောင်အထည်ဖော်မှုများနှင့် အကျိုး တူပူးပေါင်းဆောင်ရွက်မှုများ အား ကောင်းလာစေရန်အတွက် တိုက်တွန်း နှိုးဆော်ပါကြောင်း။
ကျောင်းများတွင် အကြမ်းဖက်မှု များနှင့် အနိုင်ကျင့်မှုများ ပပျောက် စေရန် ဖြေရှင်းဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs) အထူးသဖြင့် SDG ပန်းတိုင်(၄)ဖြစ်သော “လူတိုင်း အကျုံးဝင်၍ တူညီမျှတပြီး အရည် အသွေးရှိသည့် ပညာရေးဖြစ်ရေးနှင့် တစ်သက်တာ သင်ယူနိုင်မှု အခွင့် အလမ်းရရှိရေး” နှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင်-၁၆ ဖြစ် သော “ငြိမ်းချမ်းသာယာပြီး လူတိုင်း အကျုံးဝင်သော လူ့အဖွဲ့အစည်းများ တိုးမြှင့်လုပ်ဆောင်ရန်” တို့အတွက် မရှိမဖြစ် အရေးပါပါကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးနှင့် ယူနက်စကို တို့ကလည်း ကျောင်းများတွင် အကြမ်းဖက်မှုကို ကာကွယ်တားဆီး ရန် ဘက်စုံလွှမ်းခြုံသော အကောင် အထည်ဖော်သည့် နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် အရေးကြီးပါ ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကလေး သူငယ်များအပေါ် အကြမ်းဖက်မှု၊ Cyber bullying အပါအဝင် ကျောင်းတွင်းအနိုင်ကျင့်မှုတို့သည် ကလေး သူငယ်များ၏ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမား သည့်အဟန့်အတား တစ်ရပ်ဖြစ်ပါ ကြောင်း၊ အကြမ်းဖက်အနိုင်ကျင့်ခံရ သည့် ကလေးသူငယ်များသည် ဘေးကင်းလုံခြုံစွာ ပညာသင်ကြားခွင့် ရရှိရေးအပေါ် အခက်အခဲများကြုံတွေ့ ကြရပြီး ငယ်ဘဝက ရရှိခဲ့သည့် စိတ်ဒဏ်ရာများသည် ဘဝတစ် လျှောက်လုံး တည်ရှိနေတတ်ပါ ကြောင်း၊ အရွယ်ရောက်လာသည့်အခါ တွင်လည်း မိမိကိုယ်မိမိ ယုံကြည်မှု ကျဆင်းပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက် ခံစားရခြင်းစသည့် ကျယ်ပြန့်သည့် အကျိုးဆက်များ ဖြစ်ပေါ်နိုင်ပါ ကြောင်း၊ ထို့ကြောင့် ကြီးမားသည့် ပြဿနာကို တစ်ကမ္ဘာလုံးက ပိုမိုသတိ ထားမိစေရန် ယခုလို အပြည်ပြည် ဆိုင်ရာနေ့ကို ၂၀၁၉ ခုနှစ်က စတင် ကျင်းပခဲ့ပြီး ယခုနှစ်သည် ဒုတိယ မြောက်နှစ် ဖြစ်ပါကြောင်း။
ကျောင်းတွင်း အကြမ်းဖက်မှုနှင့် အနိုင်ကျင့်မှုသည် သိမ်မွေ့နက်နဲသည့် ပြဿနာဖြစ်ခြင်းကြောင့် ကလေး သူငယ်များ၏ အကောင်းဆုံးအကျိုး စီးပွားအတွက် ဌာနပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှု၊ ကျောင်းသား၊ ဆရာ၊ မိဘအပါအဝင် လူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်မှုသည် အင်မတန်အရေး ကြီးပါကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံအတွင်းရှိ ကလေး သူငယ်အားလုံး၏ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့် ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်း တွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေး တို့အတွက် ကလေးသူငယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့် ရှောက်ရေးတို့ကို ဟန်ချက်ညီအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေး သူငယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုရေး ဆိုင်ရာ ဥပဒေကို ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့သလို ကလေးသူငယ်များ အတွက် အကောင်းဆုံး အကျိုးစီးပွား ကို အခြေခံပြီး အခွင့်အရေးများ ဖော် ဆောင်နိုင်ရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင်လက အသစ်ပြန်လည် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း။
ဝိုင်းဝန်ကြိုးပမ်း
မိမိတို့နိုင်ငံအနေဖြင့် ကလေး သူငယ်များအပေါ် ပုံသဏ္ဌာန်မျိုး စုံသော အကြမ်းဖက်ခြင်းများမှ ထိရောက်စွာ အကာအကွယ် ပေးနိုင် ရေးအတွက် အာဆီယံဒေသတွင်း အဆင့်နှင့် နိုင်ငံအတွင်းရှိ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများအပါအဝင် လူသားအရင်းအမြစ်ဆိုင်ရာ အပိုင်း များအားလုံးတွင် နောက်ကျမကျန် ရှိစေအောင် ဌာနဆိုင်ရာများ၊ အရပ် ဘက် အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် မိဘအုပ်ထိန်းသူများ၊ ကြီးကြပ်သူ ဆရာ ဆရာမများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပြည်သူလူထု အနေဖြင့်လည်း ဟန်ချက်ညီညီ အတူ ပါဝင် ပူးပေါင်းဆောင်ရွက်ရင်းဖြင့် နိုင်ငံရဲ့ အနာဂတ်ကလေးငယ်များ လွတ်လပ်လုံခြုံစွာ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေး ကြပါရန် တိုက်တွန်းပါကြောင်း ပြော ကြားသည်။
ယင်းနောက် UNESCO မှ ကိုယ်စား လှယ် Ms. Dolly Shein က ကျောင်းတွင်း အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုနှင့် Cyber Bullying များကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်