ကောင်းမွန်သည့် ဒီမိုကရေစီအလေ့အထကို ရစေချင်

အကြမ်းဖက်မှုများ၊ မီးရှို့ဖျက်ဆီးခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ မိုင်းခွဲတိုက်ခိုက်ခြင်းများသည် ဒီမိုကရေစီစနစ်၏ ဆန့်ကျင်ဘက်ပင် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ဒီမိုကရေစီကိုကျင့်သုံးလျက်ရှိပြီး ၎င်းတို့ထံမှ သင်ခန်းစာယူ၍ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းကိုလိုလားကြောင်း၊ ကောင်းမွန်သည့် ဒီမိုကရေစီအလေ့အထ ကို ရစေချင်ကြောင်း၊ လူအများစု၏ ဆန္ဒဆိုပြီး ဥပဒေနှင့်ဆန့်ကျင်ကာ ဆောင်ရွက်၍မရကြောင်း၊ မိမိတို့နှင့် မိမိတို့မွေးထုတ်လိုက် သည့် မျိုးဆက်များတွင် မကောင်းသောအကျင့်မပါသွားရန်လိုကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ၂၇-၉-၂၀၂၁ ရက်နေ့တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)