ကျောက်တော် ဇွန် ၁၂
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် စိုက်ပျိုးရေးသိပ္ပံတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းရှိ ရတနာခန်းမဆောင် ၌ ကျင်းပသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးထွန်းမြင့်က စိုက်ပျိုး ရေးသိပ္ပံ (ကျောက်တော်) တွင် ပညာသင်ယူ နေကြသော မောင်မယ်များအနေဖြင့် ကျောင်း သင်ခန်းစာများကို ပြီးမြောက် အောင်သင်ယူပြီး တောင်သူလယ် သမားများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးတို့အတွက် ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်လျက်ရှိပါ ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က အမှာစကားပြောရာတွင် စိုက်ပျိုး ရေး ပညာရှင်များဖြစ်လာမယ့် မောင်တို့မယ်တို့အနေဖြင့် စိုက်ပျိုး ရေးနည်းပညာများကို တောင်သူ များဆီ အရောက်ပို့ဆောင်ပေးရမှာ ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ကျောင်းအုပ် ဆရာကြီး ဦးခင်မောင်သန်းက စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကျောင်း စတင်ဖြစ်ပေါ်လာပုံ အကျဉ်းအား ရှင်းလင်းပြောကြား ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်များအနေဖြင့် သင်ခန်း စာများ သင်ယူရာတွင် စိတ်ပါ ဝင်စားစွာ လေ့လာသင်ယူကြရန် နှင့် စိုက်ပျိုးရေးပညာရှင်များ ဖြစ်လာအောင် ကြိုးစားသင်ယူ ကြရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပညာရည်ချွန်ဆု ပေးပွဲ ကျင်းပရာ ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူးက ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအားလည်း ကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌက ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
အခမ်းအနားသို့ ပြည်နယ် ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးသိပ္ပံမှ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တတိယနှစ် ကျောင်းသား ကျောင်းသူများက မဟာနွယ်အက၊ စည်းလုံးခြင်း သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း
(ပြန်/ဆက်)



