ကျောက်ဖြူမြို့နယ်တွင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စက်စတင်လည်ပတ်ခြင်း ဖွင့်ပွဲကျင်းပ

 

တစ်နှစ်လျှင် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀၀ ခန့် ထုတ်လုပ်နိုင်

 

ကျောက်ဖြူ အောက်တိုဘာ  ၁၁


ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့နယ်တွင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စက်စတင်လည်ပတ်ခြင်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါစက်ရုံ၌ အောင်မြင်စွာ ကျင်းပသည်။

 


ဦးစွာ    မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ   သံ အမတ်ကြီး   မစ္စတာ ချန်းဟိုင်  က တရုတ် - မြန်မာ   နှစ်နိုင်ငံကြား စီးပွားရေးနှင့်    ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည်လွန်စွာ လိုက်ဖက်ညီပြီး Belt and Road Initiative နှင့်   တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေး တို့ကို ရှေ့သို့တွန်းအားပေးခဲ့ကြပါ ကြောင်း၊      တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက်     အခြေခံ အဆောက်အအုံ၊    စိုက်ပျိုးရေး၊ ထုတ်လုပ်မှုစွမ်းရည်နှင့်  ဘဏ္ဍာ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ တိုးချဲ့လုပ်ဆောင်ရန် ကတိ ပြုထားကြောင်း၊ ယနေ့ နှစ်နိုင်ငံ အကြား  လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏  အောင် မြင်သော စီမံကိန်းတစ်ခုအနေဖြင့် ကျောက်ဖြူဓာတ်အားပေးစက်ရုံ ကို     စတင်ဖွင့်လှစ်လိုက်ပြီဖြစ် ကြောင်း၊ ဤစက်ရုံမှ ရခိုင်ပြည် နယ်ရှိ ပြည်သူလူထု၏ စီးပွားရေး နှင့်    လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ပိုမိုကောင်းမွန်စွာ ပံ့ပိုး ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ကျောက်ဖြူသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးပါသော နေရာဖြစ်၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုး ရေးလုပ်ငန်းများ     ပိုမိုတိုးတက် အောင်မြင်မည်ဟု     ယုံကြည် ကြောင်း၊ ခေတ်သစ်တွင် တရုတ် နိုင်ငံနှင့် မြန်မာကြား အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင် ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက် နိုင်ရေး   မြန်မာနိုင်ငံရှိ   ကဏ္ဍ အားလုံးနှင့် လက်တွဲဆောင်ရွက် သွားရန်နှင့်    မျှဝေခံစားနိုင်၍ တောက်ပသော အနာဂတ်အသိုက် အဝန်းကို ပူးပေါင်းတည်ဆောက် သွားရန် ဆန္ဒရှိကြောင်း  ပြောကြားသည်။

 


ထို့နောက်  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပထဝီ အနေအထားအရ အရေးပါသော ရခိုင်ပြည်နယ်မှ   နိုင်ငံတော်နှင့် ပြည်သူများ၏ ဓာတ်အားလိုအပ် ချက်ကို   ဖြည့်ဆည်းပေးနိုင်ရန်  ရွှေသဘာဝဓာတ်ငွေ့  တစ်ရက် လျှင် ကုဗပေ ၂၂ သန်းအသုံးပြု၍ ၁၃၅ မဂ္ဂါဝပ် စွမ်းအား၊ တစ်နှစ် လျှင် ဓာတ်အား ကီလိုဝပ်နာရီသန်း ပေါင်း ၁၀၀၀ ခန့်ထုတ်လုပ်နိုင်မည့် ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး      ဓာတ်အားပေး စက်ရုံစီမံကိန်းကို     အကောင် အထည်ဖော်       ဆောင်ရွက်ခဲ့ ကြောင်း၊ စက်တပ်ဆင်အင်အားမှာ ၁၅၉ မဂ္ဂါဝပ်ရှိပြီး ကမ္ဘာ့အဆင့်မီ စွမ်းရည်မြင့် ဓာတ်အားပေးစက် များအား တပ်ဆင်အသုံးပြုထား ပါကြောင်း၊ ဤစက်ရုံတွင် စွန့်ပစ် အပူကို    ပြန်လည်အသုံးပြုခြင်း၊ မြေအောက်ရေအစား ပင်လယ်ရေ ကိုသာ     အသုံးပြုခြင်းစသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး နည်းပညာများကို  အသုံးပြု ထားပါကြောင်း၊ အဆင့်မြင့် နည်း ပညာဖြင့်  GIS  ခွဲရုံ  တပ်ဆင် အသုံးပြုထား၍ ဓာတ်အားစနစ် တည်ငြိမ်စိတ်ချရမှုနှင့်     စက်ရုံ ရေရှည်တည်တံ့မှုရှိမည်     ဖြစ် ကြောင်း၊ ကျောက်ဖြူ ၂၃၀ မဂ္ဂါဝပ် ဓာတ်အားခွဲရုံမှတစ်ဆင့်    ရခိုင် ပြည်နယ်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ၊  စီးပွားရေးလုပ်ငန်း များ၊ စက်မှုလုပ်ငန်းများနှင့် ဓာတ် အားစနစ်ကို  ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားနိုင်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ     ပြည်သူများ အတွက် လူမှုစီးပွားဘဝဖွံဖြိုးစေနိုင်မည့် အရေးပါသော ဓာတ်အား ပေးစက်ရုံတစ်ခုဖြစ်သဖြင့်    စီမံ ကိန်းကို အောင်မြင်စွာ အကောင် အထည်ဖော် တည်ဆောက်ခဲ့သည့် ပုဂ္ဂိုလ်များအားလုံးကို       အထူး ကျေးဇူးတင်ရှိပါကြောင်း   ပြောကြားသည်။    

 


ယင်းနောက် Power China Resources Co.,Ltd ၏ ဥက္ကဋ္ဌက စီမံကိန်း   အကောင်အထည်ဖော်  ဆောင်ရွက်ခဲ့ရမှုကို   ဗီဒီယိုကွန် ဖရင့်ဖြင့်     ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား    ပြောကြားသည်။

 


ထို့နောက်    ဓာတ်အားပေး စက်ရုံ စက်စတင်လည်ပတ်ခြင်း အခမ်းအနားကို  ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊    ရခိုင် ပြည်နယ်    သယံဇာတရေးရာ ဝန်ကြီး ဦးသန်းထွန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ    တရုတ်ပြည်သူ့သမ္မတ နိုင်ငံ   သံအမတ်ကြီး     မစ္စတာ ချန်းဟိုင်၊ Power  China Resour-ces Co.,Ltd နှင့် Kyauk Phyu Electric Power Co.,Ltd. တာဝန် ရှိသူများက  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး  မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 


ထို့နောက်   ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူများသည် ပင့်ဖိတ်ထားသော သံဃာတော်    အရှင်သူမြတ်များ ထံမှ အန္တရာယ်ကင်းပရိတ်တရား တော်များ   နာယူကြကာ   ဆရာ တော်    အရှင်သူမြတ်များအား သီတင်းကျွတ် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူများသည် ဓာတ်အားထိန်းချုပ် ခန်း၊ ဓာတ်အားပေးစက်ကြီးများမှ ဓာတ်အား   ထုတ်လုပ်ဖြန့်ဖြူပေး နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အထိမ်းအမှတ်သစ်ပင်  စိုက်ပျိုးပေးကာ ဒုတိယဝန်ကြီး က    မှတ်တမ်းတင်    ဆုတောင်း စကား ရေးသားသည်။

 


အခမ်းအနားအပြီး၌ ဒုတိယ ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့်  တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဆိုင်ရာ   တရုတ်ပြည်သူ့သမ္မတ နိုင်ငံ    သံအမတ်ကြီး   မစ္စတာ ချန်းဟိုင်နှင့်    အလွတ်သဘော တွေ့ဆုံပြီး     နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအား    ကဏ္ဍဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို    ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

သတင်းစဉ်