ကျောက်ဖြူမြို့၌ သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 

ကျောက်ဖြူ   စက်တင်ဘာ   ၁

 


ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့လာပါက    သဘာဝဘေး အန္တရာယ်ဆိုင်ရာ   လုပ်ငန်းများ ကို   ကဏ္ဍအလိုက်    အကောင် အထည်ဖော်   ဆောင်ရွက်နိုင်ရန် အတွက်  ကျောက်ဖြူခရိုင်  ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု  ဦးစီး ဌာနမှ   ဝန်ထမ်းများက   သဘာဝ ဘေး  တုံ့ပြန်ရေးဆိုင်ရာ Table Top    Exercise     ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှိ      အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


ရှေးဦးစွာ ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့          ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက သဘာဝဘေး အန္တရာယ်ဆိုင်ရာ    လုပ်ငန်းများ အား ကဏ္ဍအလိုက် အကောင် အထည်ဖော်    ဆောင်ရွက်နိုင်ရန် အတွက်   ရပ်ကွက်၊  ကျေးရွာများ တွင်      သဘာဝဘေးအန္တရာယ် ဆိုင်ရာကော်မတီအဖွဲ့များ ဖွဲ့စည်း ထားရှိရန်၊ ဘေးအန္တရာယ်ဆိုင်ရာ များ ဖြစ်ပေါ်လာပါက အချိန်နှင်  တစ်ပြေးညီ   တုံ့ပြန်ဆောင်ရွက် နိုင်ရေး ကော်မတီများ အချင်းချင်း ချိတ်ဆက်    ဆောင်ရွက်ကြရန် အစရှိသည့်         သဘာဝဘေး အန္တရာယ်ဆိုင်ရာအဖွဲ့များ ဖွဲ့စည်း  ရေး       ဦးဆောင်ဆွေးနွေးသည်။ ထို့နောက်     ကျောက်ဖြူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲ ရေးဦးစီးဌာန ဦးစီးမှူး ရုံးဝန်ထမ်း များက     ဌာန၏  လုပ်ငန်းများနှင့်  လက်ရှိ     ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို      ရှင်းလင်း ပြောကြားသည်။

 


အဆိုပါ      အခမ်းအနားသို့ ကျောက်ဖြူမြို့နယ်    စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊    မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲ ရေးဦးစီးဌာနမှ    ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း