
ကျောက်ဖြူ မေ ၁၃
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ သည် ဘေးအန္တရာယ်ကျရောက် နိုင်ခြေမြင့်မားသည့် အနီရောင် အဆင့်ဒေသများတွင် ပါဝင်သော မြို့တစ်မြို့အဖြစ် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန် ကြေညာထားပြီးဖြစ်ရာ ကျောက် ဖြူမြို့တွင် မုန်တိုင်းဘေးဒဏ် ခံရနိုင်သည့် ရပ်ကွက်နေပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက မုန်တိုင်းဘေး လွတ်ရာ နေရာများဖြစ်သည့် ယာယီခိုလှုံရာ စခန်းများသို့ ရွှေ့ပြောင်းခြင်းနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန် မြှင့် လုပ်ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရွှေ့ပြောင်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူမြို့ စေတီတောင် ရပ်ကွက် ဆိုင်ကလုန်းရှယ်တာ တွင် ခိုလှုံရန်ရောက်ရှိနေသည့် ပြည်သူများအား လည်းကောင်း၊ ပိုက်ဆိပ်ရပ်ကွက် အ.ထ.က(၂)ကျောင်းတွင် ခိုလှုံရန်ရောက်ရှိလာ သည့် ဒေသခံပြည်သူများအား လည်းကောင်း၊ သန်ပန်ချောင်း ရပ်ကွက် အ.လ.က(၄)ကျောင်း တွင် ခိုလှုံရန်ရောက်ရှိလာသည့် ပြည်သူများအား လည်းကောင်း၊ တာဝန်ရှိသူများက ကူညီရွှေ့ပြောင်း ခြင်းများ ဆောင်ရွက်ပေးလျက် ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများက စာရင်း မှတ်တမ်းများ ရေးသွင်းကောက် ယူပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ လာရောက်ခိုလှုံလာ သူများကို ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်း နှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို စီမံမှာကြားကာ စားသောက်ဖွယ် ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
တင်ထွန်းဦး၊
ဖြိုးဝေလင်း(ပြန်/ဆက်)