
ကျောက်ဖြူ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်ရှိ ပြည်သူများကို ယနေ့ နံနက် ၈ နာရီခွဲတွင် ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက အဆိုပါ ခိုလှုံရာစခန်းသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ IDPsစခန်းသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်းများ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ကာကွယ် ဆေး လာရောက်ထိုးနှံသူများအား စာရင်းမှတ်တမ်း ရေးသွင်း ကောက်ယူခြင်းများကို ဆောင် ရွက်ပေးပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်းတို့ကို စနစ် တကျဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိသူများသာ ကာကွယ် ဆေး ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံပေးနေ မှုနှင့်စပ်လျဉ်း၍ ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDPs စခန်း နေ မခင်လင်းလင်းက “ကျွန်မက ဒီကျောက်တစ်လုံး IDPs Camp မှာ ကိုဗစ်ကာကွယ်ဆေးကို ပထမ အကြိမ် လာရောက်ထိုးနှံတာ ဖြစ်ပါတယ်။ ကျွန်မ အသက်က ၂၀ နှစ်ရှိပါပြီ။ ဒီဆေးထိုးပြီးတဲ့ အချိန်မှာ မူးဝေတာတို့၊ နာကျင်ကိုက်ခဲတာတို့မရှိခဲ့ပါဘူး။ ဒီ Camp ထဲမှာနေတဲ့ ကျွန်မတို့လို အသက် ၁၈ နှစ် အထက်ရှိပြီး အကျုံးဝင်တဲ့သူတွေကို ထိုးနှံပေး တဲ့အတွက် အထူးပဲဝမ်းသာမိပါ တယ်။ ပထမအကြိမ်ဆေးထိုးပြီးပြီ ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးယုံကြည်မှုရှိလာသလို ခံစား ရပါတယ်။ ပြီးတော့ ကူညီလုပ်ကိုင် ပေးတဲ့ Volunteer များကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မအနေ နဲ့ပြောချင်တာကတော့ နိုင်ငံတော် အစိုးရကနေ ဒီကာကွယ်ဆေး တွေကို ထိုးခွင့်ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေကို အထူး ကျေးဇူးတင်ပါတယ်” ဟု ပြော သည်။
ဆက်လက်ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူ အသက် ၆၉ နှစ်အရွယ် ဦးတင်ထွန်းကလည်း “ဦးလေးတို့ ဒီ IDPs Camp မှာ ကျန်းမာရေးဌာနက ဆေးလာ ရောက်ထိုးနှံပေးတာ နှစ်ကြိမ် ရှိပါပြီ။ အဲဒီအချိန်တုန်းက ဦးလေး က နေမကောင်းဖြစ်နေတာနဲ့ ဆေးမထိုးဖြစ်လိုက်ဘူး။ အခု ကျန်းမာရေး ကောင်းသွားပြီဖြစ်လို့ လာရောက်ထိုးနှံတာဖြစ်ပါတယ်။ ဒီဆေးထိုးပြီးပြီဖြစ်လို့ ၁၀၀ ရာခိုင် နှုန်း ယုံကြည်မှုရှိတယ်လို့ ခံစား မိပါတယ်။ ဆေးလာရောက်ထိုးနှံ ပေးတဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေနဲ့ နိုင်ငံတော် အကြီး အကဲတွေကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီဆေးက ငွေကြေးနဲ့ ဝယ်ယူလို့မရပါဘူး။ ဒါကြောင့် ဒီ Camp ထဲမှာနေတဲ့ သူတွေကိုလည်း ကာကွယ်ဆေး လာရောက်ထိုးဖို့အတွက် ဦးလေး အနေနဲ့ အိမ်တိုင်ရာရောက် သွားပြီးတော့ ဆေးလာထိုးကြ ပါလို့ သူတို့တွေကို လိုက်လံပြီး နှိုးဆော်ပေးပါတယ်” ဟု ပြော သည်။
အဆိုပါ ခိုလှုံရာစခန်းမှ အသက် ၆၅ နှစ်အထက်ရှိ ပြည်သူ ၂၁ ဦးကို သြဂုတ် ၄ ရက်မှစ၍ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်ကာ ယခု အခါ အသက် ၁၈ နှစ်အထက်ရှိ ကာကွယ်ဆေးထိုးရန် အကျုံးဝင် သူများအား ဆက်လက်ထိုးနှံ ပေးခြင်းဖြစ်ကြောင်း၊ ယနေ့ မွန်းလွဲပိုင်းအထိ ဆေးလာရောက် ထိုးနှံသူ ၁၉၂ ဦးရှိကြောင်း၊ ကျန် ရှိနေသူများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ထို့နောက် ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူ များကို ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့ ယာယီရဲမှူး တင်မောင် ဆွေနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်းတို့က အနီးကပ် ကြီးကြပ်ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး