
ကျောက်ဆည် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ် ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယ ရဲမှူးကြီး အောင်မင်းစိန်က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့စု (မန္တလေး) တပ်ဖွဲ့ စုမှူး ယာယီရဲမှူး ခင်မောင်သိန်း က ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး လုပ်ငန်းစဉ် များ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဩဂုတ် ၂၄ မှ ၂၆ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှု အခြေအနေများ၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံ ဖြည့်သွင်းမှုများ စသည်တို့ကို သင်ကြား ပို့ချပေးမည်ဖြစ်ကာ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၄၇ ဦး တက်ရောက် ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)