ကျောက်ဆည်မြို့နယ်၌ မိုးစပါး ၁၀၉၀၇ ဧက စိုက်ပျိုးပြီးဖြစ်

 

ကျောက်ဆည်     ဩဂုတ်    ၂


မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့နယ်၌    ဒေသ အတွင်း ဆန်စပါးဖူလုံပိုလျှံရေး မိုးစပါး ၅၂၈၁၇ ဧက လျာထား စိုက်ပျိုးလျက်ရှိရာ  ၁၀၉၀၇  ဧက  စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် လျာထားမိုးစပါးဧကများ   ပြည့်မီကျော်လွန်ရေး   မြို့နယ် ဆည်မြောင်းနှင့်   ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ   စပါး စိုက်ပျိုးရန်အတွက်    ရေပေးဝေရေး   မြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။ 


ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများ စိုက်ပျိုးရာ တွင်  မနောသုခ၊ ရွှေမနော်၊ ဧရာမင်း၊ ဆင်းသုခနှင့် GW-11 စပါးမျိုးများ  အဓိကထားပြီး  ဒေသအလိုက်  မိမိတို့စိုက်ပျိုး လိုသည့်      နည်းစနစ်များဖြစ်သည့်      ပျိုးထောင်စိုက်ပျိုး ခြင်း၊  အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်း၊   ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနည်းလမ်းများဖြင့်     စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


မိုးစပါးစိုက်ခင်းများအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ   ဒေသနှင့်ကိုက်ညီသည့်စပါးမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်နည်းစနစ်များမှန်ကန်စေရေး နည်းပညာများ စနစ်တကျကူညီပေးလျက်ရှိကာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ အလှည့်ကျစနစ်ဖြင့် ပေးဝေခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ အချိန်သက်သာစေခြင်း၊ လုပ်သားရှားပါးမှုနှင့် လုပ်ငန်းများတွင်ကျယ်စေရေး စက်ကိရိယာများ ဖြင့် စပါးစိုက်တောင်သူများနှင့်ပူးပေါင်းကာ ကူညီပေးလျက်ရှိကြောင်း သိရသည်။                                                

သက်မောင်(ပြန်/ဆက်)