ကျောက်ဆည်မြို့နယ်၌ မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ ဧက ၂၀၀ ကျော် အောင်မြင်ဖြစ်ထွန်းလျက်ရှိ

 

ကျောက်ဆည်     စက်တင်ဘာ    ၃


 မန္တလေးတိုင်းဒေသကြီး     ကျောက်ဆည်မြို့နယ်တွင်    ဒေသတွင်း  စားသုံးဆီဖူလုံပိုလျှံရေးနှင့်   မျိုးကောင်းမျိုးသန့် ရရှိရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  နည်းပညာများ ကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ် စိုက်ခင်း  ဧက ၂၀၀ စိုက်ပျိုးထားရာ   ဒွေးလှကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။

 


မျိုးစေ့ထုတ်နေကြာသီးနှံများကို မှိုင်းပန်ကျေးရွာတွင်  ၅၅ ဧက၊ ကလေး ကျေးရွာတွင် ၅ ဧက၊ တောင်တော်ကျေးရွာတွင် 
၁၂ ဒသမ ၅၀ ဧက၊   ရှားပင်ကျေးရွာတွင် ၃၁ ဒသမ ၀၀ ဧက၊ ဒွေးလှကျေးရွာတွင် ၆၉ ဒသမ ၅၀ ဧက၊    အနောက်ရွာတော် ကျေးရွာတွင် ၁၃ ဒသမ ၀၀ ဧက၊ကြောင်ပန်း ကုန်းကျေးရွာတွင်     ၁၄ ဒသမ ၀၀ ဧက စုစုပေါင်း     ဧက ၂၀၀    စိုက်ပျိုးထား ရှိကြောင်း    မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 


မျိုးစေ့ထုတ် နေကြာသီးနှံများ  စိုက်ပျိုး ရာတွင် ဒေသနှင့်ကိုက်ညီပြီး မျိုးကောင်း မျိုးသန့်ဖြစ်သည့်       ရေဆင်းစပ်မျိုး(၁)   နေကြာမျိုးများ   စိုက်ပျိုးထားကြောင်း၊ အဆိုပါမျိုးသည် အပင်ပေါက်နှုန်း  ၈၀ရာခိုင် နှုန်းအထက်တွင်ရှိပြီး    တစ်ဧကမျိုးစေ့ သုံးပြည်  အသုံးပြုကာ  သတ်မှတ်အပင်ရေ ၂၉၀၀၀ ဝင်ဆံ့စေရန် တန်းကြား နှစ်ပေ၊ ပင်ကြားကိုးလက်မဖြင့်    တစ်ကျင်းလျှင် မျိုးစေ့နှစ်စေ့နှုန်းဖြင့် အပင်ပေါက် သေချာ စေရန် မြေတွင်းအစိုဓာတ် လုံလောက်ချိန် တွင် အနက်တစ်လက်မခွဲတွင် စနစ်တကျ စိုက်ပျိုးထားကြောင်းနှင့် သွင်းအားစုအနေ ဖြင့်    တစ်ဧကနွားချေးနှင့်    မြေဆွေး တစ်မျိုးမျိုးကို နွားလှည်း ရှစ်စီး၊ ယူရီးယား ၁၁၂ ပေါင်၊ တီစူပါ ၅၆ ပေါင်နှင့် ပိုတက်ရှ် ၅၆ ပေါင်   ထယ်ရေးပြင်ချိန်တွင်   အသုံးပြု ပြီး အဖူးဝင်ချိန်တွင် ယူရီးယား ၅၆ ပေါင် ထပ်မံထည့်သွင်း   စိုက်ပျိုးကြောင်း  သိရသည်။


သက်မောင်(ကျောက်ဆည်)