ကဆုန်လပြည့် ဗုဒ္ဓနေ့

 

ကဆုန်လပြည့် ဗုဒ္ဓနေ့
 

ကဆုန်လဘွဲ့ (အဲချင်း)
 

    b     နွေလရယ်မှ ရာသီ
        ကြယ်မင်း တာရာ ၊ ဝိသာခါနှင့်
        စန္ဒာ လမင်း ၊ တူပြိုင်ဝင်းလို့
        နေမင်း ဖလ်ဝါ ၊ ဒေါင်းယဉ်သာလည်း
        ချိန်ခါ အတွင်း ၊ ထိန်ဖြာ လင်းသည်
        နေ့ခင်းရယ် တာရှည် ပါလို့လေး။
    b    စေတီရယ်မှ မြတ်လေး
        ပရိဘောဂမည်ပေ 
        ဗုဒ္ဓဟေကို
        ညောင်ရေ သွန်းလောင်း၊ ဆုမွန်တောင်းလို့
        အောင်ကြောင်းရယ်မှ မနှေး
        အောင်ရေးရယ်မှ ထိုထို
        ညွှန်းပြုကာ ဆိုသည်
        ဗျာဒိတ်ဖွားမြင် ဗောဓိပင်
        စံဝင်အမှန်၊ နန်းနိဗ္ဗာန်ဟု
        ညွှန်းပြုကာ ဆိုသည်
        သည်ချိန်ကို ရည်စူးလို့
        ကြည်နူး ရန်များ။
    b    ချရား ရယ်မှတဖြာ
        စကား ဝါနှင့်၊ ခိုင်ညှာဝင်းလို့
        ကြိုင်သင်းကာ လာသည်
        ချိန်ခါရယ်မှ အညီ ၊ ဝေစီ ရှင်းသန့်
        သင်းရနံ့နှင့်၊ ဝင်းဖန့်ကာသာ
        ဝေဖြာ မွှေးသမို့ 
        အေးလို့ငယ်ကြည်သည်
        နွေရာသီ အလှပန်းတွေက
        လန်းဆန်းနေမြဲ။
    b    တစေရယ်မှ မလပ်
        ဤ လမြတ်၌၊ မပြတ်ကျင်းပ
        မြတ်ဗုဒ္ဓနေ့၊ မမေ့စရာ
        များသူငါတို့၊ မှန်စွာ မလွဲ
        ပူဇော်မြဲမို့၊ ဝတ်ပွဲကိုဆင်
        ဗြိဿ ဆိုတဲ့ ၊ ရာသီခွင်မှာ
        အို ဘယ့်နှယ် တင်ပါမယ်
        နန်းမဂ္ဂင် ရော်ရမ်းလို့
        မျှော် မှန်းမြဲ လေ။       ။
မမြရည်နန္ဒာ