ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးကို ခေတ္တပိတ်ထားဦးမည်ဟု အမေရိကန်ကြေညာ

 

 

ဝါရှင်တန်  ဩဂုတ်  ၃၁


အာဖဂန်နစ္စတန် ကဘူးလ်မြို့ရှိ အမေရိကန် သံရုံးကို ခေတ္တပိတ်ထားဦးမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး     အန်တိုနီဘလင်ကန် က  ကြေညာခဲ့သည်။ 
ကဘူးလ်မြို့မှ   သံရုံးဝန်ထမ်းများကို ကာတာနိုင်ငံဒိုဟာမြို့တွင်    ပြောင်း‌ရွှေ့ တာဝန်ချထားမည်ဟု   ဩဂုတ် ၃၀ ရက် က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ဘလင်ကန်က ပြောသည်။  အာဖဂန်နစ္စတန် နိုင်ငံအတွင်း  လုံခြုံရေးမသေချာမှုများနှင့် နိုင်ငံရေးအခြေအနေ      မတည်ငြိမ်မှုများ ကြောင့်  ယခုလိုပြုလုပ်ရခြင်းဖြစ်ကြောင်း သံရုံးလုပ်ငန်းများ       ဆိုင်းငံ့ရခြင်းနှင့် ပတ်သက်ပြီး      ဘလင်ကန်က      ကာကွယ် ပြောဆိုခဲ့သည်။ 
အာဖဂန်နစ္စတန်ရှိ      အမေရိကန်၏ တာဝန်များမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊နောက်ထပ်သံတမန်လုပ်ငန်းတာဝန်သစ် စတင်ပြီဖြစ်ကြောင်း ၎င်းက  ပြောသည်။ အာဖဂန်နိုင်ငံအတွင်း ရောက်ရှိနေကြသည့် အမေရိကန်နိုင်ငံသားများနှင့်     ဒေသခံ လုပ်ဖော်ကိုင်ဖက် ၂၀၀  ကျော်မှာ    နိုင်ငံ အတွင်းမှ    ထွက်ခွာသွားလိုကြသည်ဟု ဘလင်ကန်က ပြောသည်။
အာဖဂန်နစ္စတန်တွင် ကျန်ရှိနေသည့် အမေရိကန်နိုင်ငံသားများနှင့်  အခြားသော နိုင်ငံသားများကို ကယ်တင်နိုင်ရေးအတွက်  ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောသည်။ 
ထို့ပြင်အမျိုးသမီးများ၏   အခွင့်အရေး ကို  အကာအကွယ်ပေးရန်လည်း အလေး ထား ဆောင်ရွက်သွားမည်ဟု ပြောသည်။
အင်န်အိတ်ချ်ကေ