ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော် အောက်တိုဘာ ၂၆


ပဲခူးတိုင်းဒေသကြီး    ထန်းတပင် မြို့နယ်  ကျွဲပွဲ  - ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ    သင်္ကန်းတုန်း ချောင်းကူးတံတားအား     ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမား များက     မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နေရာသို့     လုံခြုံရေး တပ်ဖွဲ့ဝင်များက     သွားရောက် စစ်ဆေးခဲ့ရာ ဖက်ဝင်ကုန်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀ ခန့် အကွာ၊ ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ အရှည် ၁၀၅ ပေ၊ အကျယ် ၁၄ ပေ သံကူကွန်ကရစ်အမျိုးအစား သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရပြီး တံတားအလယ်ပိုင်း ၄၂ ပေခန့် ပြိုကျပျက်စီးခဲ့သည်ကို  တွေ့ရှိရသည်။ 
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန် ရည်ရွယ်၍   ယခုကဲ့သို့   ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း၊   အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်းနှင့်   တံတားပျက်စီးမှုအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။         

သတင်းစဉ်