
ရန်ကုန် ဒီဇင်ဘာ ၁၄
ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံ ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန် မြို့ Lotte Hotel ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံတော် သီချင်း တို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Mansoor Mubarak Al-Khayarin တို့က ကာတာနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ် ပေးကြသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ကာတာနိုင်ငံ သံရုံးယာယီ တာဝန်ခံတို့သည် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့တက်ရောက်လာကြသူ များအား ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံက ဂုဏ်ပြုစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်