
၂၀၁၇ ခုနှစ်မှာ ယူရိုပါလိဂ်ဖလားဆွတ်ခူးရရှိပြီး ခြောက်နှစ်နီးပါးကြာ ဆုဖလား မရရှိမှုနှင့် ကြုံတွေ့နေရသည့် မန်ယူအသင်းသည် ယခုအခါမှာ နည်းပြ တန်ဟတ်၏ ဦးဆောင်မှုနှင့်အတူ အသင်းကစားသမားများ၏ ကြိုးစားအားထုတ်မှု ကြောင့် ဖလားဆွတ်ခူးနိုင်မည့် အခွင့်အရေးနှင့် လက်တစ်ကမ်းအလိုကို ရောက်ရှိ လာပြီ ဖြစ်သည်။ ဗိုလ်လုပွဲတွင် မန်ယူအသင်းသည် နယူးကာဆယ် အသင်းကို အနိုင်ရရှိကာ ဖလားဆွတ်ခူးနိုင်မည်ဆိုပါက အိုးထရက်ဖို့ဒ်၌ နည်းပြ တန်ဟတ် ပထမဆုံးကိုင်တွယ်သည့်ရာသီတွင် ဖလားဆွတ်ခူးနိုင်မည်လည်း ဖြစ်သည်။
သို့သော်လည်း ပြိုင်ဘက်နယူးကာဆယ်အသင်းကို ကြည့်မည်ဆိုပါက ဆု ဖလားနှင့် ဝေးကွာနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ၁၉၉၇-၉၈ ရာသီတွင် အက်ဖ်အေဖလားပြိုင်ပွဲဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သော်လည်း အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့သည်။ ထိုနည်းတူ ၁၉၉၈-၉၉ ရာသီတွင် အက်ဖ်အေ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ ထပ်မံတက်လှမ်းနိုင်ခဲ့သော်လည်း မန်ယူအသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် ဆုဖလားကိုင်မြှောက်ခွင့်နှင့် လွဲချော်ခဲ့ရသည်။
ဆီမီးဖိုင်နယ်တွင် နော်တင်ဟမ်ကို ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက် လှမ်းလာသော မန်ယူအသင်းနှင့် ဆောက်သမ်တန်ကို ကျဉ်းမြောင်းသောရလဒ် ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာသော နယူးကာဆယ်အသင်းတို့ တွေ့ဆုံမှုက ၁၉၉၈-၉၉ ရာသီ အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် တွေ့ဆုံ ပြီးနောက် ထပ်မံဆုံတွေ့မှုဖြစ်သည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်လာဖွယ်ရှိသည်။ မန်ယူအသင်းက ယခုဗိုလ်လုပွဲမတိုင်မီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်း နှင့် ကစားထားရသည့်အတွက် ပွဲပန်းနေနိုင်သည်။
ယခုနှစ်ရာသီတွင် မန်ယူအသင်းရော နယူးကာဆယ်အသင်းပါ ပွဲစဉ်တိုင်းနီးပါး ခြေစွမ်းပြသထားနိုင်သည်။ မန်ယူအသင်းက နယူးကာဆယ်အသင်းထက် တိုက်စစ် ပိုင်းထက်မြက်မှုရှိသော်လည်း ခံစစ်ပိုင်းတွင် အားနည်းမှုရှိသည်တွေ့ရသည်။ ယခု နှစ်ရာသီ ကာရာဘောင်ဖလားကို မန်ယူအသင်းက ကိုင်မြှောက်ခွင့်ရသွားမလား သို့မဟုတ် ပြိုင်ဘက်နယူးကာဆယ်အသင်းက ကိုင်မြှောက်ခွင့်ရသွားမလားဆို သည်ကို ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် အဆုံးအဖြတ်ပေးသွားတော့မည် ဖြစ် သည်။