
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာ့စီးပွားရေးဘဏ်က တပ်မတော်သားများ၏ဆုကြေးငွေများကို တစ်ပတ်လျှင် ကျပ်ငါးသိန်း သာ ထုတ်ပေးနေကြောင်း မဟုတ်မမှန်ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) ချေးငွေ စိစစ်ကြီးကြပ်ကွပ်ကဲရေးဌာနခွဲ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ဥမ္မာသန်း က ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိသာမက အခြားအဆင့် ဝန်ထမ်းများ၏ အငြိမ်းစားဆုကြေးငွေကို ဇူလိုင်လ ၆ ရက်နေ့ကတည်းက အပြည့်အဝတစ်လုံးတစ်ခဲတည်း ထုတ်ပေးလျက်ရှိသလို ယခင်ခွင့်ပြုမိန့်ကျပြီးသည့် အငြိမ်းစား ဆုကြေးငွေတွေကိုလည်း ယခုအချိန်တွင် တစ်လုံးတစ်ခဲတည်း အပြည့်အဝ ထုတ်ပေးလျက်ရှိကြောင်း ယခုကဲ့သို့ ရှင်းလင်းဖြေကြားထားပါသည် -
ဒေါ်ဥမ္မာသန်း
ဒုတိယအထွေထွေမန်နေဂျာ၊
ချေးငွေစိစစ်ကြီးကြပ်ကွပ်ကဲရေးဌာနခွဲ၊
မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)
မြန်မာ့စီးပွားရေးဘဏ်ကနေပြီးတော့ ကာကွယ် ရေးဦးစီးချုပ်ရုံး၊ ငွေစာရင်းရုံးအသီးသီး ကနေပြီးတော့ ခွင့်ပြုလာတဲ့ အငြိမ်းစားဆုကြေးငွေ တွေအားလုံးကို အခုလိုမျိုး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကန့်သတ် ထားတဲ့ ငွေပမာဏအတွင်း မဟုတ်ဘဲနဲ့ ဒီငွေစာရင်း ရုံးကနေ ခွင့်ပြုလိုက်တဲ့ ပမာဏအတိုင်း တစ်လုံး တစ်ခဲတည်း အကုန်လုံး ဒါဟာ ကာကွယ်ရေးဝန်ကြီး ဌာနက အငြိမ်းစား အရာရှိတွေ၊ အခြားအဆင့်တွေရဲ့ အငြိမ်းစားဆုကြေး ငွေတွေအားလုံးကို တစ်လုံး တစ်ခဲတည်း ထုတ်ယူခွင့်ပြုတယ် ဆိုတာကို တစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲ အားလုံးကို ၆-၇-၂၀၂၁ ရက်နေ့ ကတည်းက ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တစ်လုံးတစ်ခဲတည်း လည်း ထုတ်ပေးနေပါတယ်။ လက်တွေ့မှာလည်း ထုတ်ပေးနေပါတယ်။
အဲဒါအပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လည်း ကာကွယ်ရေးဝန်ကြီးဌာနက အငြိမ်းစား အရာရှိတွေ၊ အခြားအဆင့်တွေရဲ့ အငြိမ်းစားဆုကြေး ငွေတွေထုတ်ဖို့အတွက် လိုအပ်တဲ့ငွေကြေးပမာဏ ကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျွန်မတို့ကို ငွေသယ်တဲ့အခါမှာ အဆိုပြုချက်တောင်းခံပြီးတော့ အပြည့်အဝငွေကြေးကိုရရှိပါတယ်။ ဗဟိုဘဏ်ကနေ မြန်မာ့စီးပွားရေးဘဏ်ခွဲ အသီးသီးကို ပေးပါတယ်။ လက်ရှိမှာလည်း မြန်မာ့စီးပွားရေးဘဏ်ခွဲအသီးသီး က ကာကွယ်ရေးဝန်ကြီးဌာနက အငြိမ်းစားယူတဲ့ အငြိမ်းစားအရာရှိ၊ အခြားအဆင့်များရဲ့ အငြိမ်းစား ဆုကြေးငွေပမာဏတွေကို တစ်လုံးတစ်ခဲတည်း ထုတ်ပေးလျက်ရှိပါတယ်။ အဲဒါအပြင် ၆-၇-၂၀၂၁ ရက်နေ့မတိုင်ခင် ခွင့်ပြုမိန့်ကျခဲ့တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက အငြိမ်းစားအရာရှိတွေ အခြားအဆင့် တွေရဲ့ အငြိမ်းစားဆုကြေးငွေတွေကို အဲဒီရက် မတိုင်ခင်တုန်းက သူတို့အငြိမ်းစားဆုကြေးငွေဘဏ် ကို လာထုတ်ပြီဆိုလျှင် ကန့်သတ်ငွေပမာဏထက် ကျော်လျှင် သူတို့ပင်စင်လစာ ထုတ်ယူတဲ့ ဘဏ်ခွဲမှာ ကာယကံ ရှင်ရဲ့ စာရင်းရှင် စာရင်းကို ဖွင့်ပေး တယ်။
နောက်တစ်ခါ ငွေစုဘဏ် စာရင်း အကောင့်ဖွင့်ပေးတယ်။ ပြီးတာနဲ့ အဲဒီစာရင်းထဲကို သူတို့ရဲ့ အငြိမ်းစား ဆုကြေးငွေ ပမာဏတွေကို စာရင်းထဲကို ထည့်ပေးပြီး အဲဒီစာရင်းထဲကနေ ထုတ်ပေးပါတယ်။ ဒါပေမယ့် ၆-၇-၂၀၂၁ ရက်နေ့ကစပြီးတော့ အဲဒီလို စာရင်းရှင်စာရင်းတွေ ငွေစုဘဏ် စာရင်းတွေထဲကို လွှဲပြောင်းထည့်ပေးခဲ့တဲ့ အငြိမ်းစား ဆုကြေးငွေတွေကို အခုအခါမှာတော့ အဲဒီစာရင်းတွေထဲကနေ တစ်လုံးတစ်ခဲတည်း အကုန်လုံး ပြန်ထုတ်ပြီးတော့ ထုတ်ပေးတာကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့ ခြုံငုံပြီးပြော မယ်ဆိုရင် လောလောဆယ်ကျလာတဲ့ ကာကွယ် ရေးဝန်ကြီးဌာနက အငြိမ်းစားအရာရှိ၊ အခြား အဆင့်တွေရဲ့ အငြိမ်းစားဆုကြေးငွေကို အပြည့်အဝ တစ်လုံးတစ်ခဲတည်း ထုတ်ပေးသလိုပဲ ယခင်က ခွင့်ပြုမိန့်ကျပြီးသား အငြိမ်းစားဆုကြေး ငွေတွေကို လည်း အခု အချိန်မှာ အပြည့်အဝ တစ်လုံးတစ်ခဲတည်း ထုတ်ပေးလျက် ရှိပါတယ်။