ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ဝတ်ရွတ်အဖွဲ့ဖြင့်  အသံမစဲ မဟာပဋ္ဌာန်းကျမ်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

 

 

နေပြည်တော်    နိုဝင်ဘာ    ၂၉
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝတ်ရွတ် အဖွဲ့ဖြင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ကို  ယနေ့နံနက်ပိုင်းတွင်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)  အနော် ရထာခန်းမ၌   ပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၏   ဇနီး ဒေါ်ကြူကြူလှ  တက်ရောက်၍  သစ္စာပြုဆုတောင်းရွတ်ဖတ်ပူဇော် အမျှဝေခဲ့သည်။ ထို့နောက်  တက်ရောက်လာကြသူများနှင့် အတူ   ဗုဒ္ဓသာသနံ  စိရံတိဋ္ဌတု  သုံးကြိမ်ရွတ်ဆိုကာ   အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။                            
အဆိုပါ     အသံမစဲမဟာပဋ္ဌာန်းကျမ်း ငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော်ကြီး   ငြိမ်းချမ်း သာယာစေရန်နှင့်    ကပ်ကြီးသုံးပါးဘေးမှ   လွတ်မြောက်စေရန်  စိတ်စေတနာ ရည်သန်၍   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)   ဝတ်ရွတ်အဖွဲ့မှ နိုဝင်ဘာ ၁၉ ရက်မှ ယနေ့ အထိ ၁၁ ရက်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။                      သတင်းစဉ်