
မိမိတို့နိုင်ငံတွင် အိုမီခရွန် ကိုဗစ်ဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှုမရှိသေးသော်လည်း အိမ်နီးချင်းနိုင်ငံအချို့နှင့် ဒေသတွင်း နိုင်ငံအချို့တွင် ကူးစက်မှုများရှိနေသဖြင့် နိုင်ငံအတွင်း ကူးစက်မှုမရှိစေရေး သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံထားသူများတွင် ထိခိုက်မှုနှုန်းနည်းပါးသည်ဟု သိရှိရကြောင်း၊ ရောဂါကူးစက်မှုများပြားလာပါက အဆင်သင့်ကုသနိုင်ရေး ဆေးရုံ၊ ဆေးခန်းများကိုလည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၃-၁၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၈/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)