
ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းများရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေး မည့်အစီအစဉ်နှင့်ပတ်သက်ပြီး မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ် ခိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါ သည်-
မေး။ ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက် ၁၂
နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများကို သိပါရစေရှင့်။
ဖြေ။ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာရှိတဲ့ အခြေခံပညာအလယ်တန်းနဲ့
အထက်တန်းကျောင်းတွေက အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ရာအတွက် အထက် အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်နဲ့အညီ စနစ်တကျ ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ကိုလည်း ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အဲဒီလို မြို့နယ်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရာမှာလည်း ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို အခက်အခဲမရှိ ထိုးနှံပေးနိုင်ရေးအတွက် ဆေးထိုးစုရပ်ကျောင်းတွေ ရွေးချယ်ခြင်းနဲ့ ဆေးထိုးနှံမယ့်ကျန်းမာရေး ဝန်ထမ်းတွေကို အဖွဲ့ခွဲပြီး တာဝန်ပေးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးဖို့အတွက် မြို့နယ်စေတနာ့ ဝန်ထမ်း (Volunteer) အဖွဲ့တွေကိုလည်း စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါ တယ်။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကို
ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားမှုနဲ့ပတ်သက်ပြီးတော့ သိပါရစေရှင့်။
ဖြေ။ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူတွေ
သက်ဆိုင်ရာ ဆေးထိုးစုရပ်တွေမှာ ကာကွယ်ဆေးသွားရောက် ထိုးနှံကြဖို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအနေနဲ့ကတော့ ကျောင်းသား ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးသွားဖို့ သတင်း ရရှိပြီဆိုကတည်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများကို မိမိတို့နယ်မြေအလိုက် အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းအဆင့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ တွေကို ကာကွယ်ဆေးထိုးနှံကြဖို့အတွက် ကြိုတင်အသိပေးနှိုးဆော် သွားရန် အကြောင်းကြားထားပြီးဖြစ်ပါတယ်။ မြို့နယ်ပညာရေးမှူးရုံး ကလည်း သက်ဆိုင်ရာကျောင်းတွေက ကျောင်းအုပ်ဆရာ /ဆရာမများက တစ်ဆင့် တပည့်တွေကို ကာကွယ်ဆေးထိုးနှံကြဖို့အတွက် အသိပေး သွားဖို့ မှာကြားထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ဦးဆောင်မှု နဲ့ ဌာနဆိုင်ရာ ပညာပေးပူးပေါင်းအဖွဲ့ကလည်း ရပ်ကွက်/ကျေးရွာတွေ အရောက် အသံချဲ့စက်ယာဉ်တွေနဲ့ လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက် ထားပါတယ်။
မေး။ တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပေးမယ့် အသက် ၁၂ နှစ်
အထက် ကျောင်းသား ကျောင်းသူဦးရေစာရင်းနဲ့ ဆေးထိုးစုရပ် နေရာတွေ စီစဉ်ဆောင်ရွက်ထားမှုကိုလည်း သိပါရစေရှင့်။
ဖြေ။ ဟုတ်ကဲ့ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် တစ်မြို့နယ်လုံး ကာကွယ်
ဆေးထိုးနှံပေးမယ့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ ဦးရေစာရင်းအနေနဲ့ အထက်တန်းအဆင့်မှာ ကျောင်းသား ကျောင်းသူ ၁၅၁၄ ဦး၊ အလယ်တန်းအဆင့်မှာ ကျောင်းသား ကျောင်းသူ ၃၈၆၁ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၃၇၅ ဦး ဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတွေလည်း ပါဝင်တာဖြစ်ပါတယ်။ ဆေးထိုးစုရပ်အနေနဲ့ ကတော့ သက်ဆိုင်ရာကျောင်းအုပ်တွေနဲ့ ညှိနှိုင်းပြီးတော့ ကျောင်းသား ကျောင်းသူတွေ သွားလာရေးအဆင်ပြေမယ့် ကျောင်း ခုနစ်ကျောင်းမှာ ထိုးနှံဖို့အတွက် စီစဉ်ဆောင်ရွက်ထားပါတယ်။
မေး။ ကျောင်းသား ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးရာမှာ
အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် ကျန်းမာရေးစောင့်ရှောက်မှု တွေပေးနိုင်အောင် ဘယ်လိုတွေ စီစဉ်ဆောင်ရွက်ထားလဲဆိုတာ သိပါရစေရှင့်။
ဖြေ။ ကျောင်းသား ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးရမှာ
အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင်လည်း လိုအပ်တဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်အောင် သက်ဆိုင်ရာ ဆေးထိုးစုရပ် ခုနစ်နေရာ မှာ ကျန်းမာရေးဝန်ထမ်းတွေကို စီစဉ်ဆောင်ရွက်ထားပါတယ်။ မြို့နယ် ဆေးရုံအထိ ကုသဆောင်ရွက်ရမယ့်အခြေအနေ ဖြစ်လာမယ်ဆိုရင် လည်း ဆေးထိုးစုရပ် တစ်ခုချင်းစီမှာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေ နဲ့ ကျန်းမာရေးမော်တော်ယာဉ်တွေကို စီစဉ်ထားရှိပေးသွားမှာ ဖြစ်ပါ တယ်။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို
ကာကွယ်ဆေးထိုးနှံဖို့အတွက် ဆေးအလုံးရေ လျားထားမှု အခြေအနေနဲ့ ဆေးထိုးပေးမယ့် နေ့ရက်တွေကို ဘယ်လိုစီစဉ်ဆောင် ရွက်ထားလဲဆိုတာ သိပါရစေရှင့်။
ဖြေ။ ကျောင်းသား ကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံဖို့အတွက်
ဆေးအလုံးရေကတော့ ယခု ပညာသင်နှစ်မှာ ကျောင်းအပ်နှံခဲ့တဲ့ စာရင်းအရေအတွက်အတိုင်းပဲ ခွဲဝေချထားပေးသွားမယ်လို့ အကြမ်းဖျင်း သိထားပါတယ်။ ဆေးထိုးနှံမယ့် နေ့ရက်ကတော့ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ စီမံချက်အရ (၁၆.၁၀.၂၀၂၁)ရက်နေ့ကစပြီးတော့ ထိုးနှံပေးသွား မယ်လို့ သိရပါတယ်ခင်ဗျ။
အကြံပြုချက်။ ။ ကာကွယ်ဆေးထိုးနှံခြင်းရဲ့ အဓိကစီမံချက် လုပ်ငန်း ရည်ရွယ်ချက်တွေက ကျောင်းသား ကျောင်းသူတွေ ပညာသင် ယူဖို့ အခွင့်အလမ်းတွေရရှိစေဖို့ရယ်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးရတဲ့ သေဆုံးမှုတွေ လျှော့ချနိုင်စေဖို့အတွက်ရယ် ကျောင်းသား ကျောင်းသူတွေကတစ်ဆင့် မိသားစုတွေနဲ့ တခြားပြည်သူတွေကို ရောဂါကူးစက်ပြန့်ပွားမှုတွေ ထိထိရောက်ရောက် တားဆီးကာကွယ် နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်လို့ အင်မတန်ကောင်းမွန် တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအနေနဲ့ ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် လာရောက်ထိုးနှံပေးကြပါလို့ အကြံပြုတိုက်တွန်း ပြောကြားချင်ပါ တယ်…….။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ ။
တွေ့ဆုံမေးမြန်း - ခင်ဝါဝါလှိုင် (ပြန်/ဆက်)
ဓာတ်ပုံ - ရဲဝင်းနိုင် (ညောင်ဦး)