ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသူအများစုမှာ ပြင်းထန်တဲ့လက္ခဏာပြတာ မတွေ့ရပါဘူး ကာကွယ်ဆေးတိုင်းကိုတော့ ပြည်သူတွေအနေနဲ့ မပျက်မကွက်ထိုးဖို့ လိုအပ်ပါတယ်

ဇွန်လ ၃၀ ရက်နေ့မှစတင်ပြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစတင်တွေ့ရှိခဲ့ရာ ၂၃ ရက်အတွင်း အတည်ပြုလူနာ ၁၁၈၁ ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရရှိသူ ၅၅၉ ဦး၊ သေဆုံးသူ ၄၀ ရှိသဖြင့်   ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်၍ Stay at Home မြို့နယ်အဖြစ် ကြေညာထားသည်။  
မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉  ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီ  နေထိုင်ကြရန်နှင့်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်နေမှုအ​ခြေအနေများနှင့် ပတ်သက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မောင်အား တွေ့ဆုံမေးမြန်းထားပါသည်။ 
မေး    ။    ကိုဗစ် - ၁၉ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး   မြို့နယ်ကျန်းမာရေး 
        ဦးစီးဌာနက  ဆောင်ရွက်နေမှုနဲ့  လူနာတွေထားရှိ ကုသပေး နေမှုအခြေအနေကို  သိပါရစေခင်ဗျ။  
ဖြေ    ။    အုတ်ဖိုမြို့နယ်မှာ  လူနာအရေအတွက်နဲ့   သေဆုံးသူ  အရေ
        အတွက်က မနည်းလှပါဘူး။ ရောဂါစောင့်ကြည့်ရေး၊ ကုသရေး လုပ်ငန်းတွေ  လုပ်နေတဲ့သူတွေလည်း ပင်ပန်းနေကြပြီ။  ဒါပေမယ့် ဆက်လက်ပြီးတော့ အားမလျှော့ဘဲ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။   ကျန်းမာရေးနဲ့   အားကစားဝန်ကြီးဌာနရဲ့  လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်ရမယ့်ပုံစံကို ပြည်သူလူထုသိအောင် ပြောပြချင် ပါတယ်။

 


လူနာတွေကို ကျွန်တော်တို့ အမျိုးအစားသုံးမျိုး ခွဲခြားရပါတယ်။ လုံးဝ လက္ခဏာမပြတဲ့လူနာ၊ အနည်းအကျဉ်း၊ အသေးအဖွဲ လက္ခဏာ ပြတဲ့ လူနာတွေကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့  အရေးပေါ် တုံ့ပြန်ရေးကော်မတီက   သတ်မှတ်ထားတဲ့ Center  မျိုးမှာ  ထားပါ တယ်။ အဲဒီလူနာတွေက စိုးရိမ်စရာမရှိပါဘူး။  သူတို့ကို ကျန်းမာရေး ဝန်ထမ်းတွေ၊    ကျန်းမာရေးသိနားလည်တဲ့  ဌာနဆိုင်ရာဝန်ထမ်း တွေက အနီးကပ်စောင့်ကြည့်ပြီး  လိုအပ်ရင်   မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသပေးသွားမှာဖြစ်ပြီး လွှဲပြောင်းဖို့အတွက်လည်း ပရဟိတ အဖွဲ့တွေ အဆင်သင့်ရှိကြပါတယ်။

 


ရောဂါလက္ခဏာ  အနည်းငယ်သာပြပေမယ့် ရောဂါအခံရှိသူတွေနဲ့ ရောဂါလက္ခဏာ ပိုမိုပြင်းထန်သူတွေကို မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့် ဆောင်မှာ   ထားရှိကုသပေးနေပါတယ်။  မြို့နယ်ပြည်သူ့ဆေးရုံမှာ  ရောဂါပြင်းထန်လာသူတွေကို သမားတော်ရှိတဲ့၊  မေ့ဆေးဆရာဝန်ရှိတဲ့ နေရာများသို့ လွှဲပြောင်းကုသပေးသွားမှာဖြစ်ပါတယ်။  

 


မေး    ။    အောက်ဆီဂျင်ပြတ်လပ်မှုမရှိအောင်  ဆောင်ရွက်နေမှု အခြေ 
        အနေကို သိပါရစေခင်ဗျ။
ဖြေ    ။    အောက်ဆီဂျင်   ပြတ်လပ်မှုမရှိအောင်   ပရဟိတအဖွဲ့တွေနဲ့  
        မြို့နယ်ဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ အရင်ကတည်းက   ဓမ္မဝိဇယ   လူမှုကူညီရေးအသင်းမှာ  အခမဲ့ အောက်ဆီဂျင် အလှူတော်အဖြစ် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ 

 


မေး    ။    ရောဂါပိုး ရှိ မရှိ စစ်ဆေးပေးနေမှု  အခြေအနေလည်း  သိချင်
        ပါတယ်။ 
ဖြေ    ။     အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံ၊ အေးမြသာယာတိုက်နယ်ဆေးရုံ၊ 
        အိုးသည်ကုန်း တိုက်နယ်ဆေးရုံတွေမှာ တစ်နေ့ကို နှစ်ကြိမ် ရောဂါပိုး ရှိ မရှိ စစ်ဆေးပေးနေပါတယ်။ စစ်ဆေးမှုများတဲ့အတွက် ရောဂါပိုးတွေ့ရှိသူကလည်း များပါတယ်။ ရောဂါပိုးတွေ့နှုန်းမှာ ၅၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။ 

 


မေး    ။    ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပေးပါဦးခင်ဗျာ။ 
ဖြေ    ။    ပြည်သူတွေ   Stay  at   Home  စည်းကမ်းချက်တွေနဲ့အညီ 
        နေထိုင်ကြမယ်ဆိုရင်  ရောဂါတွေ့ရှိမှုနှုန်း  ကျဆင်းသွားမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထား ပြီးသူအများစုမှာ ပြင်းထန်တဲ့လက္ခဏာပြတာ မတွေ့ရပါဘူး။ ကာကွယ် ဆေးတိုင်းကိုတော့ ပြည်သူတွေအနေနဲ့ မပျက်မကွက်ထိုးဖို့ လိုအပ် ပါတယ်။ ပြည်သူတွေအနေဖြင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များကို လိုက်နာကြပါ။  စည်းကမ်း ချက်တွေဟာ မိမိတို့အကျိုးအတွက် ထုတ်ပြန်ထားခြင်း ဖြစ်တဲ့အတွက် လိုက်နာကြဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။