
နေပြည်တော် ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် သံပုရာကျေးရွာအနီး ကြာအင်းဆိပ်ကြီး - ချောင်းနှစ်ခွ လမ်းရှိ ဒါလီချောင်းကူးတံတား အား အကြမ်းဖက်မှုကို လိုလား သည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် နံနက် ၇ နာရီတွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် သံပုရာ ကျေးရွာအနီး ကြာအင်းဆိပ်ကြီး- ချောင်းနှစ်ခွလမ်း KM 9 နှင့် KM 10 ကြားရှိ ဒါလီချောင်းကူးတံတား အား အကြမ်းဖက်မှုကို လိုလား သည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး သွားခဲ့ရာ အလျား ၁၈၈ ပေ အနံ ၁၆ ပေခန့်ရှိ သံပေါင်တံတား တစ်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် အဆိုပါတံတားသို့ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦး ခန့်က ထပ်မံရောက်ရှိလာပြီး ကျန်ရှိနေသည့် တံတားတစ်ခြမ်း အား ထပ်မံမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တံတားတစ်ခြမ်း ထပ်မံပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာ၍ မရကြောင်း သိရ သည်။
အကြမ်းဖက် သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွား သည့် တံတားအား တာဝန်ရှိသူ များက အများပြည်သူ ပြန်လည် အသုံးပြုနိုင်ရေး ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်မှုကျူးလွန်သူ များအား ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေးနှင့် နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်