ဇရပ်ကြီးမြို့အတွင်း လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ အကြမ်းဖက်သောင်းကျန်းသူများက ပရဟိတလုပ်ငန်းသုံးယာဉ်များ အသုံးပြု၍ လက်နက်/ခဲယမ်း သယ်ဆောင်ခြင်းများ လုပ်ဆောင်နေ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၈ 
ပဲခူးတိုင်းဒေသကြီး  ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ရှိ   နယ်မြေခံတပ်ရင်းအား ဖေဖော်ဝါရီ ၇ ရက်တွင်  KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့်   လာရောက် တိုက်ခိုက်ခဲ့သဖြင့်       တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ များ  ရယူကာ  အောင်မြင်စွာဖြင့် ရွပ်ရွပ် ချွံချွံ  ပြန်လည်တွန်းလှန်  တိုက်ထုတ်ခဲ့ သည်ကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ   အနေဖြင့် ယနေ့နံနက် ၆ နာရီခန့်တွင် ဇရပ်ကြီးမြို့ အတွင်း  အသေးစိတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့် ဇရပ်ကြီးဒေသဖွံ့ဖြိုးရေး အတွက်  အထူးအရေးပါသည့်   ကျွဲပွဲ - ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ စစ်တောင်း မြစ်ကူးတံတား (အရှည်ပေ ၁၂၀၀) သံကူ ကွန်ကရစ်အမျိုးအစား   အများပြည်သူ သွားလာ အသုံးပြုလျက်ရှိသော   မြို့ဆိုး တံတားကို ဖေဖော်ဝါရီ ၇ ရက်    နံနက် ၄   နာရီခွဲတွင်     တပ်မတော်စစ်ကူ စစ်ကြောင်းများ ဇရပ်ကြီးမြို့သို့ အချိန်မီ မရောက်ရှိစေရေးအတွက် တံတားလုံခြုံရေးတပ်ဖွဲ့ဝင်များအား    အင်အားသုံး ပစ်ခတ်တိုက်ခိုက်၍ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီးမှ   ဇရပ်ကြီးမြို့အတွင်းရှိ နယ်မြေခံတပ်ရင်းအား          အရုဏ်ဦး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက   ယနေ့ နံနက်ပိုင်း ဇရပ်ကြီးမြို့ အရှေ့ဘက်အခြမ်း တွင်   ရှင်းလင်းမှုများ   ဆောင်ရွက်ခဲ့ရာ ဇရပ်ကြီးမြို့အတွင်းနှင့် တပ်ရင်းဌာနချုပ် သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်  တိုက်ပွဲ ဖြစ်စဉ်များအတွင်း ကားလမ်းဘေးနေရာ တစ်ခု၌ လမ်းဘေးထိုးကျ ပျက်စီးနေသည့် အလင်းစေတမန် ပရဟိတအသင်းလူနာ သယ်ယာဉ်တစ်စီးကို  တွေ့ရှိခဲ့ပြီး ယာဉ် အားရှင်းလင်းခဲ့ရာ ယာဉ်ပေါ်တွင် သောင်း ကျန်းသူ   အလောင်းအချို့နှင့်   အသင့် ထုပ်ပိုးထားသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့တို့ကို သိမ်းဆည်း ရရှိခဲ့သည်။ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ပရဟိတ လုပ်ငန်း     ခေါင်းစဉ်အကြောင်းပြ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ငန်းတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို    သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း   ဖော်ထုတ် တွေ့ရှိရသည်။
တစ်ချိန်တည်းတွင်   ဇရပ်ကြီးမြို့ အနောက်ဘက်    ကျေးရွာများအတွင်း လုံခြုံရေးလုပ်ငန်းများ အသေးစိတ်ဆောင် ရွက်ခဲ့ရာ သောင်းကျန်းသူများ  ခိုအောင်းခဲ့ ပြီး တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက်     ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် ကျန်ရှိခဲ့သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ အား   ကားလမ်းဘေး    အဆောက်အဦ အတွင်း သောင်းကျန်းသူအလောင်းအချို့ နှင့်အတူထပ်မံသိမ်းဆည်း     ရရှိခဲ့သော်လည်း သောင်းကျန်းသူ     အလောင်းများမှာ ပုံဖြင့်ဖော်ပြရန်    မသင့်သဖြင့်   ချန်လှပ် ထားခဲ့ပါသည်။
အကြမ်းဖက်   သောင်းကျန်းသူများ အနေဖြင့်      တပ်မတော်စစ်ကြောင်းများ ၏ တိုက်ခိုက်မှု၊ လေကြောင်းပစ်ကူနှင့် လက်နက်ကြီး   ပစ်ကူပေးမှုတို့ကြောင့် အထိနာစွာဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် မြို့တွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ် များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေနပ်မှုမရှိ သည့် ဒေသခံပြည်သူအချို့၏   ရိုက်ကူး ထားသော     မှတ်တမ်းဓာတ်ပုံများကို နာကြည်းမှုဖြင့် ပေးပို့လာကြောင်း တွေ့ရှိ ရသည်။
KNLA  အဖွဲ့နှင့်   PDF   အမည်ခံ အကြမ်းဖက်သမားများသည် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပရဟိတ လုပ်ငန်းများကို အကြောင်းပြ၍ ဟန်ပြ လူနာတင်ယာဉ်များဖြင့် လူနှင့်လက်နက်/ခဲယမ်းသယ်ဆောင်ခြင်းများကို လုပ်ဆောင် နေကြောင်းသိရှိရသဖြင့် မိဘပြည်သူများ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေစိုးမိုးရေးအတွက်  မိမိတို့နေထိုင်သော မြို့/ရွာများအတွင်း အကြမ်းဖက်သမားများ၏ အဖျက်လုပ်ရပ် များဆောင်ရွက်မှုနှင့်ပတ်သက်၍ သိရှိရ ပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်း ပေးပို့နိုင်ပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်   ဇရပ်ကြီးမြို့အတွင်း တည်ငြိမ်အေးချမ်းရေးအတွက်  လိုအပ် သော လုံခြုံရေးလုပ်ငန်းများကို အသေး စိတ်     ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်