ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၏ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းပေး

 

နေပြည်တော်   စက်တင်ဘာ    ၂၀ 


နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ၎င်းတို့ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

 


တွေ့ဆုံစဉ် သက်ဆိုင်ရာဌာန များမှ  တာဝန်ရှိသူများက ဇမ္ဗူ သီရိမြို့နယ်အတွင်း  လူမှုစီးပွား ဘဝ  ဖွံ့ဖြိုးတိုးတက်ရေး၊ အငယ် စား၊  အသေးစားနှင့် အလတ်စား စီးပွားရေး      လုပ်ငန်းရှင်များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာ နိုင်ရေး၊  မဟာဗျူဟာကျ စီးပွား ရေးလုပ်ငန်းများ    ဆက်လက် ကြိုးပမ်း  ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကာ အကွယ်ပေးထားမှု  အခြေအနေ၊  ကိုဗစ်ကုစားရေး ချေးငွေရယူထား သူများ    ပြန်လည်ပေးဆပ်နေမှု အခြေအနေနှင့် အသေးစားစီးပွား ရေး     လုပ်ကိုင်နိုင်ရန်အတွက် သင်တန်းများ   သင်ကြားပို့ချပေး နေမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြကြသည်။

 


ထို့နောက်    ဇမ္ဗူသီရိမြို့နယ်  အသေးစား၊ အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းအလိုက် ဖွံ့ဖြိုးတိုးတက်မှု၊ ရှေ့ဆက်လက်      ဆောင်ရွက်လို သည့်  ကိစ္စရပ်များနှင့်   တွေ့ကြုံ နေရသည့်    အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ   နေပြည် တော်ကောင်စီဝင်နှင့် သက်ဆိုင်ရာ ဌာနများမှ      တာဝန်ရှိသူများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို  ပေါင်းစပ်ညှိနှိုင်း ပေးကြသည်။ 


သတင်းစဉ်