
ဇေယျာသီရိ ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိ မြို့နယ် မအူတောကျေးရွာအုပ်စု စိမ်းစားပင်ကျေးရွာ တွင် ယနေ့ညနေ ၄ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၉ လုံးပျက်စီးဆုံးရှုံးခဲ့သည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး မီးလောင်မှုဖြစ်ပွားရာသို့ ဇေယျာသီရိမြို့နယ် မီးသတ်စခန်း၊ ပျဉ်းမနားမြို့နယ် မီးသတ်စခန်း၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်စခန်းနှင့် ဇေယျာသီရိတပ်နယ်မှ ရေသယ်ယာဉ်များ စုစုပေါင်း ၂၅ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီခွဲခန့်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ် ၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးကူးစက်မှုမရှိစေရေးအတွက် နေအိမ် နှစ်လုံးကို ဖျက်ခဲ့ရကြောင်း၊ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့မှုများပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လာရောက် ကြည့်ရှုအားပေးပြီး မီးဘေးသင့်ပြည်သူများအား စိမ်းစားပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ တွင် ထားရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)