ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်   ဧပြီ   ၄
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ်     မနော်သာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ    ဧပြီ  ၁  ရက်က   လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့်         ပြည်သူ ငါးဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းတု၊  သတင်း အမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်       လွဲမှားစေရန် လုပ်ကြံရေးသား   ဖြန့်ဝေလျက်ရှိ ကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ KIA နှင့်  PDF အမည်ခံအကြမ်းဖက်သမားများ က ကျေးရွာများကို မီးရှို့ဖျက်ဆီး ခြင်း၊ ဒေသခံပြည်သူများကို ဒလန် ဟုစွပ်စွဲ၍   ဖမ်းဆီးသတ်ဖြတ်ခြင်း များကို  စစ်ကိုင်းတိုင်းဒေသကြီး တွင်   ပစ်မှတ်ထား   လုပ်ဆောင် လျက်ရှိရာ ယခုဖြစ်စဉ်မှာလည်း ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာများ ကို KIA နှင့်  PDF အမည်ခံအကြမ်း ဖက်သမားများက ဧပြီလ ၁ ရက် နေ့မှစပြီး လက်နက်ကြီး၊ လက်နက် ငယ်များဖြင့်   ပစ်ခတ်တိုက်ခိုက်ခဲ့ သည့်အတွက်  မနော်သာကျေးရွာ နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများ      ထိခိုက် သေဆုံးခဲ့ရကြောင်း ဟုမ္မလင်းမြို့ နယ်မှ    လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏      ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များသည်    တပ်မတော်အပေါ်     နိုင်ငံရေးအရ    ထိုးနှက်တိုက်ခိုက် ရန်နှင့် ဂုဏ်သိက္ခာ  ကျဆင်းစေရန် အတွက်  မြေပြင်အခြေအနေနှင့် လွဲမှားနေသည့် သတင်းတု၊ သတင်း အမှားများကို လုပ်ကြံရေးသားပြီး ပြည်သူများ  အထင်အမြင်လွဲမှား စေရန်      လူမှုကွန်ရက်စာမျက်နှာ များတွင် ရည်ရွယ်ချက်ရှိရှိရေးသား ဖြန့်ဝေနေခြင်းသာ    ဖြစ်ကြောင်း သတင်းရရှိသည်။                   သတင်းစဉ်