ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များ မျိုးစပ်ခြင်း၊ သုတေသနပြု ထိန်းသိမ်းရန်အတွက် စုဆောင်းခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အရည်အသွေးထိန်းသိမ်းနိုင်ရန်နှင့် ကြာရှည်သိုလှောင်ထားနိုင်ရန်အတွက် ထုပ်ပိုးခြင်း စီမံကိန်းများ ပြီ

 

နေပြည်တော်   မတ်   ၃၀


“ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များအား မျိုးစပ်ခြင်း၊ သုတေသနပြု ထိန်းသိမ်းရန်အတွက် စုဆောင်းခြင်း နှင့် မျိုးစေ့ထုတ်လုပ်ခြင်း စီမံကိန်း” နှင့် “ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အရည်အသွေး ထိန်းသိမ်း နိုင်ရန်နှင့် ကြာရှည်သိုလှောင်ထားနိုင်ရန်အတွက်  ထုပ်ပိုးခြင်းစီမံကိန်း”  များ   ပြီးမြောက်အောင်မြင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 


အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်      ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စိုက်ပျိုးရေးဦးစီး ဌာန     ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ   ရဲတင့်ထွန်း၊   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာ ထွန်း၊    စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊   မဲခေါင်-လန်ချန်း စီမံကိန်း တာဝန်ရှိသူများ၊ စိုက်ပျိုး ထုတ်လုပ်သူများ၊          ဟင်းသီး ဟင်းရွက်မျိုးစေ့ထုတ် တောင်သူ များနှင့်      ဧည့်သည်တော်များ တက်ရောက်ကြသည်။

 


မဲခေါင် - လန်ချန်း အထူးရန်ပုံ ငွေအစီအစဉ်ဖြင့်      စိုက်ပျိုးရေး ဦးစီးဌာနမှ  စီမံကိန်း  စုစုပေါင်း ၁၉   ခု  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ      ယနေ့ ကျင်းပသော ဥယျာဉ်ခြံ၊ ဟင်းသီး ဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲက တာဝန်ယူ ဆောင်ရွက် ခဲ့သည့် စီမံကိန်း နှစ်ခုကို မဲခေါင်-လန်ချန်းစီမံကိန်းများ၏ တတိယ အသုတ်အဖြစ်    ၂၀၂၁     ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ မတ်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊       ပထမစီမံကိန်းကို  ရန်ကုန်တိုင်းဒေသကြီး လှည်းကူး  ရှိ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) ၊ မန္တလေးတိုင်းဒေသကြီး ထုံးဘိုရှိ      အထက်မြန်မာပြည် အော်ဂဲနစ်        သုတေသနဌာန (VFDC)၊   ပြင်ဦးလွင်နှင့်   ရှမ်း ပြည်နယ်   ဟဲဟိုးဒေသများတွင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်း စဉ်များအရ    ရုံးပတီ၊   ငရုတ်၊ ခရမ်းချဉ်၊   ဖရုံ၊    ကြက်ဟင်းခါး  တို့၏ မျိုးဗီဇများအား စုဆောင်းပြီး  VFRDC တွင် မှတ်တမ်းတင်ခြင်း၊ မျိုးစေ့ထုတ်ခြင်းနှင့် ကုတ်နံပါတ် များ   သတ်မှတ်ခြင်း၊   စုဆောင်း ထားသည့် သီးနှံအလိုက် Germ-plasm မျိုးများကို နှိုင်းယှဉ်လေ့လာ ခြင်း၊ မျိုးရွေးချယ်ခြင်း၊ ဟင်းသီး  ဟင်းရွက်   မျိုးစေ့ထုတ်လုပ်ခြင်း  သင်တန်းများ    ဖွင့်လှစ်ပေးခြင်း၊  VFRDC   တွင်   မျိုးစေ့သိုလှောင် သည့် အအေးခန်း တည်ထောင် ခြင်း   စသည်တို့ကို   ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ ဒုတိယစီမံကိန်းကို  စီမံကိန်းဒေသများတွင် ဟင်းသီး  ဟင်းရွက်နှင့်      သစ်သီးဝလံများ  အရည်အသွေး ထိန်းသိမ်းနိုင်ရန် နှင့် ကြာရှည်သိုလှောင်ထားနိုင် ရန်အတွက်      စာတွေ့လက်တွေ့ သင်တန်းများ     ဆောင်ရွက်ပေး ခြင်း၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံ  ဆွေးနွေးပွဲများဆောင်ရွက်ခြင်း၊  မဲခေါင်-လန်ချန်း ဒေသအတွင်း သရက်နှင့် ဖရဲကဲ့သို့သော သစ်သီး များ၏ အရည်အသွေးကောင်းများ ထိန်းသိမ်းရန်နှင့် ဘေးကင်းစေရန် အတွက် ထုပ်ပိုးမှုစနစ်များ အဆင့် မြင့်လာစေရန်            လက်တွေ့ သင်တန်းများ   ဆောင်ရွက်ခြင်း၊ စားသုံးသူများထံသို့ ရောက်သည် အထိ  သင့်လျော်သော  ထုပ်ပိုးမှု များကို            အသုံးပြုခြင်းဖြင့် ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံး မှုများကို လျှော့ချနိုင်ရန်အတွက် ထုပ်ပိုးမှုများအား လစဉ်စစ်ဆေး ခြင်း၊ တွေ့ရှိချက်များ ဖြန့်ဝေခြင်း၊ တောင်သူ        စိုက်ခင်းများနှင့် ဈေးကွက်များသို့ သွားရောက်၍ အသိပညာပေးခြင်းနှင့် နည်းပညာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။ 

 


မြန်မာနိုင်ငံတွင်     ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်း ကို ကျေးလက်နေ ပြည်သူများက ဒုတိယ   ဦးစားပေး   သီးနှံအဖြစ် လုပ်ကိုင်လျက်ရှိရာ    ကျေးလက်  ဒေသ ဖွံဖြိုးတိုးတက်ရေးအတွက်  အရေးကြီးသော     အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်        ဟင်းသီး ဟင်းရွက် တစ်ဧကအထွက်နှုန်း နှင့်   အရည်အသွေး    ပိုမိုမြင့်မား လာစေရန်    မျိုးကောင်းမျိုးသန့် မျိုးစေ့များ      စိုက်ပျိုးရာသီအမီ အလွယ်တကူ      သုံးစွဲနိုင်ရေးနှင့်  အစားအစာ  ဘေးကင်းလုံခြုံရေး၊ သီးနှံလေလွင့်ဆုံးရှုံးမှု     လျှော့ချ နိုင်ရေးအတွက်       ရိတ်သိမ်းချိန် လွန်နည်းပညာများ     ကျယ်ပြန့် ထိရောက်စွာ    အသုံးပြုနိုင်ရန်  ယခုစီမံကိန်း   လုပ်ငန်းများက အကျိုးပြုနိုင်ခဲ့ကြောင်း      သိရ သည်။        

သတင်းစဉ်