
ဟင်္သာတ နိုဝင်ဘာ ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် မဟာ ဓာတ်အားလိုင်းပြင်ပ နောင် ၁၀ နှစ်နှင့် ၁၅ နှစ်အတွင်း မဟာ ဓာတ်အားလိုင်း မရောက်ရှိနိုင် သောဧရိယာရှိ ကျေးရွာများ အတွက် အိမ်သုံးဆိုလာစနစ်နှင့် အသေးစား ဓာတ်အားစနစ် တို့ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ခရိုင် အတွင်းရှိ မြို့နယ် လေးမြို့နယ် မှ ကျေးရွာပေါင်း ၁၀ ရွာတွင် အသေးစားဓာတ်အားစနစ် (Mini-Grid)ဖြင့် မီးလင်းရေးလုပ်ငန်း ခုနစ်ခုကို ဆောင်ရွက်ပြီးဖြစ် ကြောင်း သိရသည်။
အလားတူ အသေးစား ဓာတ်အားစနစ်ဖြင့် ကျေးရွာ လေးရွာတွင် မီးလင်းရေးလုပ်ငန်း သုံးခုကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နေပြီး မေလကုန်တွင် အပြီးသတ် ဆောင်ရွက်နိုင်ရန် တာဝန်ခံ ဝန်ထမ်းများနှင့် ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင် သက်ရှည်ထံမှ သိရသည်။
အဆိုပါ ကျေးရွာပေါင်း ၁၄ ရွာတွင် အသေးစားဓာတ်အား စနစ်ဖြင့် မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အိမ်ထောင် စု ၂၀၅၃ စုမှ လူဦးရေ ၁၄၆၉၉ ဦးတို့၏ နေအိမ်များ၊ စာသင် ကျောင်း၊ ဆေးပေးခန်း၊ ဘာသာ ရေးကျောင်းများနှင့် လျှပ်စစ် လမ်းမီးတိုင်များတို့၌ မီးအလင်း ရောင် ရရှိရုံတွင်သာမက တစ်ပိုင် တစ်နိုင် စီးပွားရေးလုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြ မည်ဖြစ်ကြောင်း သိရသည်။
ဟင်္သာတခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက နောင်လာမည့် ဘဏ္ဍာ နှစ်များတွင် စီမံကိန်းသတ်မှတ် ချက်နှင့် ကိုက်ညီသည့် ခရိုင် အတွင်းရှိ ကျေးရွာပေါင်း ၃၆ ရွာတွင် လုပ်ငန်းပေါင်း ၃၀ ကို အသေးစား ဓာတ်အားစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လျာထားမှု အပေါ် မြေပြင်အခြေအနေကို ကွင်းဆင်းစိစစ်လျက်ရှိပြီး ဘဏ္ဍာ နှစ်အလိုက် ခွင့်ပြုရန်ပုံငွေနှင့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ပါဝင်မှုအပေါ် မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ကြောင်း သိရသည်။
ဟင်္သာတ(ပြန်/ဆက်)