
တီဂူစီဂယ်ပါ ဇန်နဝါရီ ၁၆
ဟွန်ဒူးရပ်စ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူလူအုပ်ကြီးမှာ ဇန်နဝါရီ ၁၅ ရက်က နိုင်ငံမြောက်ပိုင်းမြို့တော် ဆန်ပီဒရို ဆူလာမှ အမေရိကန်ပြည်ထောင်စုသို့ ဦးတည်ထွက်ခွာလာခဲ့ကြကြောင်း သိရသည်။
လူဦးရေ အများအပြားမှာ ဆန်ပီဒရိုဆူလာမြို့သို့ ဇန်နဝါရီ ၁၄ ရက် ညပိုင်းကတည်းက ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဂွာတီမာလာနယ်စပ်သို့ ထွက်ခွာခဲ့ကြ သည်။ ရာနှင့်ချီသည့် ရွှေ့ပြောင်းနေထိုင်သူ လူအုပ် ကြီးမှာ ခြေကျင်ခရီးသွားနေကြခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြကြသည်။
အချို့မှာမူ ဘတ်စ်ကားများတွင် တွယ်ကပ် စီးလာကြသည်ကို တွေ့မြင်ရသည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးမှာ ၂၀၂၂ ခုနှစ် အတွက် ပထမဆုံး ရွှေ့ပြောင်းနေထိုင်သူလူအုပ်ကြီး ဖြစ်သည်။ ၂၀၂၁ ခုနှစ် မတ်လအတွင်းကလည်း လူအုပ်လိုက် ရွှေ့ပြောင်းခဲ့ကြပြီး ဂွာတီမာလာနိုင်ငံမှ အာဏာပိုင်များက ဖြိုခွင်းခဲ့ရသည်။
ကိုဗစ် -၁၉ ကန့်သတ်ချက်များကို လွန်ခဲ့သည့် နှစ်အတွင်း ဖြေလျှော့ပေးပြီးနောက် ဟွန်ဒူးရပ်စ် နိုင်ငံသားအများအပြားမှာ နိုင်ငံအတွင်းမှ ထွက်ခွာ လာကြသည်။
ရွှေ့ပြောင်းနေထိုင်သူအများစုမှာ ဆင်းရဲမွဲတေမှု နှင့် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန်နှင့် ပိုမို ကောင်းမွန်သည့်အနာဂတ် ပိုင်ဆိုင်နိုင်ရေးအတွက် နိုင်ငံအတွင်းမှ ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်။
ဆင်ဟွာ