
မကွေး အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွား လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော ဝန်ထမ်း များ အင်္ဂလိပ်စာအရည်အသွေး မြင့်မား တိုးတက်စေရန်ရည်ရွယ်၍ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းဆိုင်ရာ အင်္ဂလိပ်စာအခြေခံ သင်တန်းကို မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ အောက်တိုဘာ ၄ ရက်က ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က မကွေး တိုင်းဒေသကြီးအတွင်းသို့ လာရောက်မည့် နိုင်ငံခြားသားဧည့်သည်များနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ဘာသာစကားတတ်ကျွမ်း မှုသည် ဝန်ထမ်းများ၏ အခြေခံလိုအပ်ချက် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းသို့ ဧည့်သည်များ ပိုမိုလာရောက်မှသာ ခရီးသွား လုပ်ငန်းဝင်ငွေတိုးတက်ရရှိမည်ဖြစ်၍ ဟိုတယ် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုသည် အရေးကြီး သည့်အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ မကွေး တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများ ဝန်ဆောင်မှု ကောင်းမွန်စေရေး၊ အရည်အသွေးမြင့်မား စေရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်အဆင့် HSP အသိ အမှတ်ပြုလက်မှတ်များနှင့် သင်တန်းနည်းပြ များအား အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်ပြီး သင်တန်းနည်းပြတစ်ဦးက သင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များ ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ မကွေးတိုင်းဒေသ ကြီးအတွင်း ခရီးသွားလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်နေသောဝန်ထမ်းများနှင့် ဌာန ဆိုင်ရာ ဝန်ထမ်း ၅၀ တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
ကိုအောင်