
နေပြည်တော် ဧပြီ ၄
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိ ကြီးများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် ဝန်ကြီးဌာန၏ ကျောက်စိမ်းခန်းမ၌ မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ကျင်းပရာတွင် နေပြည် တော်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်၊ နေပြည်တော် လမ်း လျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်နှင့် နေပြည်တော် လမ်းလျှောက် သင်္ကြန်တို့တွင် သင်္ကြန်အကအလှ များဖြင့် ဝန်ကြီးဌာန ကိုယ်စားပြု ကပြဖျော်ဖြေမည့် သင်္ကြန်ယိမ်း အဖွဲ့၏ ဇာတ်တိုက်လေ့ကျင့်နေမှု များကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပေါင်းလောင်း ရိပ်သာ၌ကျင်းပသော ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို စွမ်းစွမ်းတမံထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ဂုဏ်ပြုစားသောက် ဖွယ်ရာများ ပေးအပ်ခြင်း အခမ်း အနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက စနစ် တကျ ထုပ်ပိုးထားရှိသော ကြာရှည်ခံ အစားအစာများနှင့် အားဖြည့် အချိုရည်များကို တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်