
နေပြည်တော် ဇူလိုင် ၁၈
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာသင်စရိတ်ထောက်ပံ့ခြင်း၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် သင်တန်း ထူးချွန်ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်တန်း အောင်ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းထူးချွန် ဝန်ထမ်းများ၊ ကျောင်းသား မိဘ များ တက်ရောက်ကြသည်။
အစဉ်တစိုက် ကြိုးစားသင်ယူ
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မိသားစုဝင်များမှ ထူးချွန်ထက်မြက် သည့် ပညာတတ်အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက် လာစေရန် ပညာသင်နှစ်အလိုက် ပညာသင်ကြားနေ ကြသည့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာသင်နှစ်အလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအတွက် ဘာသာရပ် အလိုက်ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးလျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း နောင် တစ်ချိန်တွင် နိုင်ငံတော်ကိုအကျိုးပြုသည့် မျိုးဆက် သစ်လူငယ်များဖြစ်လာအောင် ကြိုးစားကြရမည်ဖြစ် ကြောင်း၊ ပြောင်းလဲလာသည့်ခေတ်စနစ်နှင့်အညီ လိုက်ပါသင်ယူနိုင်ရန် အစဉ်တစိုက် ကြိုးစားသင်ယူ သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့စရိတ်များ ကိုတာဝန်ရှိသူများထံ ပေးအပ်ပြီး ၂၀၂၂- ၂၀၂၃ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများကို ဂုဏ်ပြုလက်ဆောင် နှင့်ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆုငွေများပေးအပ်ချီးမြှင့်
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုလက်မှတ် နှင့် ဆုငွေများကိုလည်းကောင်း၊ ဒုတိယအမြဲတမ်း အတွင်းဝန်က ၂၀၂၂- ၂၀၂၃ ဗဟို ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့်သင်တန်း များတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်