
ဟိုပန် အောက်တိုဘာ ၃၀
နိုဝင်ဘာ ၁ ရက်နေ့တွင် အခြေခံပညာ စာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသူ ကျောင်းသားများ ရောဂါဘယ ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ပညာသင်ကြား နိုင်ရန်ရည်ရွယ်၍ အောက်တိုဘာ ၃၀ ရက် နံနက် ၈ နာရီမှစ၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ဟိုပန်ခရိုင် ဟိုပန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က အနီးကပ်ကြီးကြပ်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးဦးစီးဌာန အမှု ဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များသည် ကျောင်းဝင်းအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ကျောင်းစာသင်ခန်းများအားပိုးသတ်ဆေးဖျန်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ခရိုင် (ပြန်/ဆက်)