
ဟိုပန် ဧပြီ ၁၉
(၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဟိုပန်ခရိုင် ဟိုပန်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ စောမဟာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ဟိုပန် မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၅၀ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှုကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့် နှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်ဝင်းလှိုင်နှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)