ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe လုပ်ကြံခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေဆိုချက်

 

မေး။    ဒီနေ့မနက်ပိုင်းမှာ ဂျပန်နိုင်ငံ  နာရာမြို့မှာကျင်းပတဲ့ နိုင်ငံရေး အခမ်းအနားတစ်ခုမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe တက်‌ရောက်ပြီး   မိန့်ခွန်းပြောကြားနေစဉ်မှာ  သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရတယ်လို့  သိရပါတယ်။  ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ၏သဘောထားကို သိလိုပါတယ်။

 


ဖြေ။    ဒီကိစ္စနှင့်ပတ်သက်ပြီး  မြန်မာနိုင်ငံအနေနဲ့   များစွာအံ့ဩ ဝမ်းနည်းတုန်လှုပ်မိပါတယ်။   လုပ်ကြံမှုကိုလည်း   ပြင်းထန်စွာ   ရှုတ်ချပါတယ်။   Mr. Shinzo Abe ဟာ   မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းဖြစ်သလို   မိတ်ဆွေဟောင်း  တစ်ဦးလည်း ဖြစ်ပါတယ်။   ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး    များစွာဝမ်းနည်းရ ပါတယ်။  မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်း၊ ပြည်ပ   မည်သည့် အကြမ်းဖက်လုပ်ရပ်ကိုမဆို  လုပ်ကိုင်တဲ့  အကြမ်းဖက်ပုဂ္ဂိုလ်၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ်   ပြင်းထန်စွာ  ရှုတ်ချပါတယ်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့လည်း     ဝမ်းနည်းကြောင်းစာများ    ပေးပို့ပြီးဖြစ်ပါ တယ်။