
တိုကျို စက်တင်ဘာ ၂၂
ဂျပန်နိုင်ငံ မီးသတ်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ၏ အချက်အလက် များအရ ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၃၄၀၀၀ ကျော်ကို အပူလျှပ်ခြင်းကြောင့် ဆေးရုံများသို့ ပို့ဆောင်ခဲ့ရ ကြောင်း သိရသည်။
အပူဒဏ်ကြောင့် ဆေးရုံသို့ ပို့ဆောင်ခံရသူ ၃၄၈၃၅ ဦးအနက် ၄၈ ဦး သေဆုံးကာ ၁၁၁၇၆ ဦး ဆေးရုံတင်ထားရပြီး ၂၃၄၅၆ ဦး မှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံတက်ရောက် ခဲ့ရသူများ၏ ထက်ဝက်ကျော်သည် အသက် ၆၅ နှစ်နှင့်အထက် အရွယ်များဖြစ်သည်။
၎င်းတို့အနက် နေအိမ်များ အတွင်း အပူလျှပ်ရောဂါ ခံစားရသူ ၁၄၆၀၂ ဦး၊ လမ်းပေါ်တွင် ပူလျှပ်ခံစားသူ ၅၃၇၈ ဦး၊ အားကစားကွင်းများနှင့် ကားရပ် နားရန် နေရာများ အပါအဝင် ပြင်ပနေရာများတွင် ၄၃၈၆ ဦး ရှိသည်။
ဩဂုတ်လအတွင်း ဂျပန်နိုင်ငံ မြောက်ပိုင်း၌ အပူချိန် အလွန် မြင့်ခဲ့ပြီး အရှေ့မြောက်ပိုင်း ဟီရိုဆာကီမြို့၌ အပူချိန် ၃၉ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နှင့် ဆပ်ပိုရိုမြို့တွင် ၃၆ ဒသမ ၃ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိ ခဲ့ပြီး စံချိန်တင် အပူဆုံးဖြစ်ခဲ့ သည်။
လာမည့်နှစ်ပတ်အတွင်း အပူ ချိန်မှာ ပျမ်းမျှထက် ပိုမိုမြင့်မားရန် မိုးလေဝသအေဂျင်စီက ခန့်မှန်း ထားသည်။
မီးသတ်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက လေအေး ပေးစနစ် အသုံးပြုခြင်းနှင့် ရေ မကြာခဏ သောက်သုံးခြင်းကဲ့သို့ သော အပူဒဏ်ကို ကာကွယ်ရေး နည်းလမ်းများ ဆက်လက်ပြုလုပ် ရန် ပြည်သူများကို တိုက်တွန်း ထားသည်။
အင်န်အိတ်ချ်ကေ