ဂျပန်နိုင်ငံ၌ ကိုဗစ်- ၁၉ ပြင်းထန်လူနာအရေအတွက် များပြား

 

တိုကျို  ဩဂုတ်  ၃၁


တိုကျိုတွင် ကိုဗစ် - ၁၉ နေ့စဉ် ကူးစက်မှုနှုန်းမှာ   ကျဆင်းနေပြီ ဖြစ်သော်လည်း    ရောဂါဝေဒနာ ပြင်းထန်သည့်     အရေအတွက်မှာမူ များပြားနေဆဲဖြစ်သည်။ 
ဩဂုတ် ၃၀ ရက်တွင် နောက် ထပ်ကူးစက်ခံရသူ   ၁၉၁၅ ဦး တွေ့ရှိခဲ့သည်။   တစ်လကျော် အတွင်း     နေ့စဉ်ကူးစက်ခံရသူ ၂၀၀၀ အောက် ပထမဆုံးအကြိမ် ကျဆင်းသွားခြင်းဖြစ်သည်။
သို့သော်လည်း  ဆေးရုံများ တွင်မူ     အကျပ်အတည်းများ အောက် ရှိနေဆဲဖြစ်သည်။ လူနာ ၃၀၀ နီးပါးမှာ    စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ ကာကွယ်ဆေးထိုးခြင်းဖြင့် ဆေးရုံ ၏ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ ပေးနိုင်မည်ဟု အစိုးရက မျှော်လင့် ထားသည်။ 
လူဦးရေ၏ ၅၅   ရာခိုင်နှုန်း ကျော်မှာ    အနည်းဆုံးတစ်ကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီး ဖြစ်သည်။   တိုင်းပြည်တစ်ဝက် နီးပါးမှာ  အရေးပေါ်အခြေအနေ ကြေညာထားမှုအောက်တွင်   ရှိ သည်။ 
စားသောက်ဆိုင်များနှင့် ဘား များတွင်   အရက်ရောင်းချခြင်း မပြုရန် အစိုးရက   တိုက်တွန်း ထားသည်။ ဂျပန်နိုင်ငံတစ်လွှား ကိုဗစ်- ၁၉ နောက်ထပ်ကူးစက် ခံရသူ ၁၃၀၀၀ ကျော် တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄၆ ဦး ရှိသည်ဟု သိရ သည်။              အင်န်အိတ်ချ်ကေ