ဂျပန်နိုင်ငံ၌ ဘတ်စ်ကားမောင်းသူပြတ်လပ်မှု တဖြည်းဖြည်းတိုးလာ

 

တိုကျို   စက်တင်ဘာ   ၂၀


ဂျပန်နိုင်ငံ၌ ၂၀၃၀   ပြည့်နှစ် အရောက်တွင်  ဘတ်စ်ကားမောင်း သူ ၃၀၀၀၀ ကျော် လျော့ကျသွား မည်ဟု ဂျပန်သယ်ယူပို့ဆောင်ရေး  အရာရှိများက ခန့်မှန်းထားသည်။ ဘတ်စ်ကားမောင်းသူပြတ်လပ်မှု ပြဿနာကြောင့်  ပုံမှန်ပြေးဆွဲနေ သည့်     လမ်းကြောင်းများကို လျှော့ချရမည့်    ဖိအားနှင့်လည်း ရင်ဆိုင်နေရသည်။


လက်ရှိ  ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံးအနှံ့   ဘတ်စ်ကား မောင်းသူ ၁၂၁၀၀၀  လိုအပ်သည် ဟု နီဟွန်  ဘတ်စ်ကားအဖွဲ့အစည်း မှ   ပြောသည်။  သို့သော်လည်း ဘတ်စ်ကားအော်ပရေတာများမှာ ယာဉ်မောင်း  ၁၀၀၀၀   ဝန်းကျင်  လိုအပ်နေပြီး  အခြေအနေမှာပို၍ဆိုးရွားလာမည်ဟုလည်း  နီဟွန် ဘတ်စ်ကားအဖွဲ့အစည်းမှ  ယူဆ သည်။ 


၂၀၃၀  ပြည့်နှစ်   အရောက် တွင် ယာဉ်မောင်းအရေအတွက်မှာ အသက်အရွယ်ကြောင့်   ၉၃၀၀၀ အထိ လျော့ကျသွားမည်ဟု ခန့်မှန်း ထားသည်။ ထို့ကြောင့် ယာဉ်မောင်း လိုအပ်ချက်မှာ ၃၆၀၀၀ အထိ ရှိလာ မည်ဖြစ်သည်။  ယာဉ်မောင်းပြတ် လပ်မှုများကြောင့် မြို့ကြီးများတွင် ဝန်ဆောင်မှုပေးခြင်းကို လျှော့ချရခြင်းများဖြစ်လာနိုင်သည်။ အချို့ သော ဘတ်စ်ကားအော်ပရေတာ များမှာ    ယာဉ်မောင်းလာရောက် လျှောက်ထားသူများ   အတွက် ကောင်းမွန်သည့်  အလုပ်အကိုင် အခွင့်အလမ်း မြင့်မားသည့်လစာ တို့ဖြင့် ဆွဲဆောင်လာကြသည်။ 


အကယ်၍    ဘတ်စ်ကား ကုမ္ပဏီများသည် ယာဉ်မောင်းများ ကို ဆွဲဆောင်နိုင်ခြင်း  မရှိပါက ဘတ်စ်ကားပြေးဆွဲမှုလမ်းကြောင်း များကို  လျှော့ချရတော့မည်ဟု ဘတ်စ်ကားအဖွဲ့အစည်းမှ  ပြော သည်။            

အင်န်အိတ်ချ်ကေ