
တိုကျို စက်တင်ဘာ ၂၀
လာမည့်သီတင်းပတ်တွင် ဂျပန်လေတပ်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့သည် ဂျာမန်လေတပ်နှင့် ဂျပန် လေပိုင်နက်တွင် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်သွားမည် ဖြစ်သည်။
ဂျပန်လေတပ်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ဂျာမန် ယူရိုဖိုက်တာဂျက်လေယာဉ် သုံးစင်းသည် တိုကျိုအနီး အိဘရခိခရိုင် ဟိုင်ရာကူရီလေတပ် စခန်းသို့ စက်တင်ဘာ ၂၈ ရက်တွင် ရောက်ရှိမည်ဖြစ် ကြောင်း ပြောကြားသည်။
ဂျပန် အက်ဖ်-၂ ဖိုက်တာဂျက်လေယာဉ်သုံးစင်း သည် စုဖွဲ့ပျံသန်းခြင်းနှင့် လေကြောင်းလေ့ကျင့်မှု များတွင် ပါဝင်မည်ဖြစ်သည်။
အပြန်အလှန်နားလည်မှုမြှင့်တင်ရန်၊ ကာကွယ် ရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်ရန်နှင့် ဂျပန် လေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ နည်းဗျူဟာကျွမ်းကျင်မှုများ တိုးတက်စေရန် ရည်ရွယ်ကြောင်း ဂျပန်လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
ဂျာမနီသည် ၂၀၂၀ ပြည့်နှစ်တွင် ၎င်း၏ သံတမန် ရေးနှင့် အမျိုးသားလုံခြုံရေး လမ်းညွှန်ချက်တွင် ဘက်စုံဝါဒကို လက်ကိုင်ထားပြီး အင်ဒို-ပစိဖိတ်ဒေသ တွင် ၎င်း၏ပါဝင်မှုကို တိုးချဲ့နိုင်ရေး ရည်ရွယ်ချက် ထားလုပ်ဆောင်လျက် ရှိသည်။
ဂျာမန်လေတပ်သည် အစောပိုင်းက သြစတြေးလျ၌ ကျင်းပခဲ့သည့် ဘက်စုံစစ်ရေး လေ့ကျင့်မှုတွင်လည်း ပါဝင်ခဲ့သည်။
အင်န်အိတ်ချ်ကေ