ဂျပန်ဧကရာဇ်နှင့်မိဖုရား ဗြိတိန်သို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

တိုကျို    ဇွန်   ၂၂
ဂျပန်ဧကရာဇ်နာရူဟီတိုနှင့် မိဖုရား   မာဆာကိုတို့ သည်   ဗြိတိန်သို့   ရှစ်ရက်ကြာ  ချစ်ကြည်ရေးခရီး  ထွက်ခွာသွားပြီဖြစ်သည်။   တိုကျိုမြို့  ဟာနီဒါ လေဆိပ်မှ ဇွန် ၂၂ ရက်တွင် ထွက်ခွာခဲ့ခြင်းဖြစ်သည်။ 
ဂျပန်ဧကရာဇ်နှင့်မိဖုရားတို့ကို အိမ်ရှေ့မင်းသား အာကီရှီနိုတို့ဇနီးမောင်နှံ၊ တရားရုံးချုပ်  တရားသူ ကြီးချုပ် တိုကူရာဆာဘူရိုနှင့် တိုကျိုရှိ ဗြိတိန်သံရုံး ယာယီ    တာဝန်ခံတို့က  လေဆိပ်သို့   ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။  ဧကရာဇ်နာရူဟီတို ထီးနန်း ဆက်ခံသည့် ၂၀၁၉   ခုနှစ်မှစတင်ကာ   ဧကရာဇ် ဇနီးမောင်နှံအတွက် ဒုတိယအကြိမ်မြောက် နိုင်ငံခြား ခရီးစဉ်လည်းဖြစ်သည်။   ဂျပန်ဧကရာဇ်တို့  ဇနီး မောင်နှံကို   ဗြိတိန်ချားလ်ဘုရင်က  ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ 
၎င်းတို့သည် ဇွန် ၂၅ ရက်တွင်ပြုလုပ်မည့် ကြိုဆို ပွဲနှင့် ဘာကင်ဟမ်နန်းတော်၌ ပြုလုပ်မည့်  ဧည့်ခံပွဲ တို့ကို တက်ရောက်မည်ဖြစ်သည်။ ဂျပန်ဧကရာဇ်တို့ ဇနီးမောင်နှံသည် ၎င်းတို့နှစ်ဦးစလုံး ပညာသင်ကြား ခဲ့ရာ   အောက်စဖို့ဒ်တက္ကသိုလ်သို့  အလည်အပတ် သွားရောက်မည်ဟု   သိရသည်။   နောက်တစ်ပတ် စနေနေ့တွင် ဧကရာဇ်နာရူဟီတိုနှင့် မိဖုရားမာဆာကို တို့  ဂျပန်သို့ပြန်လာမည်ဖြစ်သည်။  
ယခု ချစ်ကြည်ရေးခရီးစဉ်ကို ကနဦးက  ၂၀၂၀ ပြည့်နှစ် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ် ၂ ၏ ဖိတ်ကြားမှုဖြင့်   သွားရောက်ရန်   စီစဉ်ထားသော် လည်း  ကပ်ရောဂါအခြေအနေကြောင့်  ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။          အင်န်အိတ်ချ်ကေ