နေပြည်တော် ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ် ဂွမြို့ မြို့မရပ်ကွက်ရှိ မင်းတောင် သာသနာ့မြေ တောင်တက်ကွန်ကရစ်လမ်းသစ်နှင့် မင်းတောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး မုခ်ဦးဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ မန္တလေးမြို့ မဟာသုန္ဒရာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနာ့ဓဇ အစိုးရဓမ္မာစရိယ ဘဒ္ဒန္တအာဝုဓ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့် ဇော်ထူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက် ရောက်လာကြသူများက မင်းတောင်သာသနာ့မြေ ကွန်ကရစ်လမ်းသစ်နှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ကမ္ပည်းမော်ကွန်းကျောက်စာ တိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးပြီး မင်းတောင်သာသနာ့မြေ တောင်တက်ကွန်ကရစ်လမ်းသစ်ကို ကြည့်ရှုစစ်ဆေး သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တက်ရောက်လာကြသူများက မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာ တော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် အလှူရှင် များဖြစ်ကြသည့် အဂ္ဂမဟာ သီရိသုဓမ္မ မဏိ ဇောတဓရ ဒေါက်တာ သာရင်မြတ်နှင့် ဇနီး သီဟ သုဓမ္မသိင်္ဂီ ဒေါ်နွယ်နွယ်အေးမိသားစုတို့က ဂွမြို့ ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေကျပ် သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာသုန္ဒရာ ရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



