
အမ္မန် နိုဝင်ဘာ ၂၂
ဂျော်ဒန်နိုင်ငံသည် ကိုဗစ်- ၁၉ တတိယအကျော့ အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပြီး အပတ်စဉ် ကူးစက်မှုနှုန်းမှာ ၂၀၀၀၀ နီးပါးရှိသည်ဟု ကျန်းမာ ရေး ဝန်ကြီးဌာနက ပြောသည်။
ရောဂါကူးစက်ခံရမှု စစ်ဆေးတွေ့ရှိမှုများ များပြားလာမည်ကို စိုးရိမ်နေရကြောင်း ကျန်းမာ ရေး ဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူး အဗ္ဗ ဒယ်ဘယ်ဘစ်စီ က ပြောသည်။
သို့သော်လည်း ဆေးရုံများတွင် လူနာကုသ ပေးမှုနှုန်းမှာ နိုင်နင်းသည့်အနေအထားတွင်သာ ရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
အထူးကြပ်မတ်ကုသဆောင်၊ အသက်ရှူ အထောက်အကူပြုကိရိယာ တပ်ဆင်ထားသည့် ဆေးရုံခုတင် အသုံးပြုမှုမှာ ၃၀ ရာခိုင်နှုန်းကို ကျော်လွန်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြော သည်။
ကာကွယ်ဆေးမှာလည်း လုံလောက်မှုရှိပြီး ဒေသခံများနှင့် နေထိုင်သူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။ ဂျော်ဒန်နိုင်ငံ၌ နိုဝင်ဘာ ၂၁ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၃၅၇၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၄ ဦး ရှိခဲ့သည်။ ဆင်ဟွာ