
ရန်ကုန် မတ် ၁၆
မြန်မာ့လျှပ်စစ်ကား အသွင်ကူးပြောင်းရေး စမ်းသပ်ကာလအတွင်း အများပြည်သူတို့၏ သတိထားမိမှုနှင့် အသိအမှတ်ပြုစေမှုကို အမြန် ရရှိစေရန် ရည်ရွယ်၍ ရန်ကုန်မြို့တွင် EV လျှပ်စစ်တက္ကစီယာဉ် မည်သူမဆို အခမဲ့လာရောက်စီးနင်းနိုင်သည့် အစီအစဉ်ကို မတ် ၁၆ ရက်က စတင်ပြုလုပ်နေကြောင်း EV Myanmar Group မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ လူတိုင်း အခမဲ့စီးနင်း၊ မောင်းနှင်နိုင်တဲ့ EV တက္ကစီ အစီအစဉ်ကို တစ်လတိတိ သတ်မှတ်ထားပြီး အခမဲ့စီးနင်းခြင်း ခွင့်ပြု ချက်ယူဖို့အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာ ဖို့ လိုအပ်တယ်” ဟု EV Myanmar Group မှ တည်ထောင်သူ ဦးကျော် ကျော်ထွန်းက ပြောသည်။ EV လျှပ်စစ်ကားစီးနင်းတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း၊ ဓာတ်ဆီ၊ ဒီဇယ်ဖိုးသက်သာစေခြင်း အပြင် စီးနင်းသူများ လုံခြုံမှုရှိကြောင်း သိရသည်။ ယခုအစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် WWW.Myantickets.comဝက်ဘ်ဆိုက်တွင် စာရင်း ပေးသွင်းပြီး ရန်ကုန်မြို့ လသာမြို့နယ် လသာလမ်းတွင် လာရောက် စီးနင်းနိုင်ကြောင်း၊ အခမဲ့စီးနင်းနိုင်ခွင့်ကာလကို ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
အာကာလင်း