
နေပြည်တော် မတ် ၁၅
ဧရာဝတီတံတား(မကွေး) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွား လာရန် ရေလမ်းကြောင်းကို အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ် တိုင် အမှတ် (၁၆)နှင့် (၁၇)အကြားမှ ဖွင့်လှစ်ထားသည်။ ယခုအခါ ရေလမ်းကြောင်းအခြေအနေအရရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို မတ် ၁၈ ရက်မှစ၍ အစုန်ရေလမ်းအဖြစ် ရေလယ်တိုင် အမှတ် (၁၇) နှင့် (၁၈)အကြားမှ လည်းကောင်း၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၆)နှင့်(၁၇) အကြားမှ လည်း ကောင်း ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သည်။
ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ (၁၁၀)ရှိပြီး ကင်းလွတ် အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက်(၁၇)မီတာ ရှိသည်။ ရေယာဉ်များဖြတ်သန်းရမည့်ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်း ပြသ ထားမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ် အမှတ်အသားပြသ၍ ညအခါ မီးနီထွန်း ပြသထားမည်။
တံတားတိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင် များ၏ တစ်ဖက်တစ်ချက်တွင် (၁၅) ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် (၂)ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်း ကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်