
ပုသိမ် ဧပြီ ၂၉
၂၀၂၃ ခုနှစ် ဧကာဒသမတန်း လူရည်ချွန်စခန်း (ငွေဆောင်) စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေ ယမုံနာဦး ဟိုတယ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ဌာနဆိုင်ရာများ၊ လူရည် ချွန်မောင်မယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး၊ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တိုင်းဒေသကြီး ပညာရေးမှူးတို့က ၂၀၂၃ ခုနှစ် ဧကာဒသမတန်း လူရည်ချွန်စခန်း (ငွေဆောင်) မုခ်ဦးကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး (ယာပုံ) တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင်၂၀၂၃ ခုနှစ် ဧကာဒသမတန်း လူရည်ချွန် မောင်မယ်တို့အား ဧရာဝတီတိုင်း ဒေသကြီးအနေဖြင့် ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ ကြောင်း၊ လူရည်ချွန်မောင်မယ် များ ငွေဆောင်ကမ်းခြေတွင် အပန်းဖြေရန်နှင့် ဒေသဆိုင်ရာ ဗဟုသုတများ လေ့လာနိုင်ရေး အတွက် စီစဉ်ထားရှိပါကြောင်း၊ လူရည်ချွန်များသည် ကျောင်းစာ တွင်ထူးချွန်ရုံမက ပြင်ပဗဟုသုတ စာပေများ၊ အားကစား၊ အနုပညာ နှင့် ပေါင်းသင်းဆက်ဆံရေးကဏ္ဍ များတွင်လည်း ဘက်စုံထူးချွန် ထက်မြက်သူများ ဖြစ်ကြောင်း၊ လူငယ်များသည် စူးစမ်းလေ့လာ လိုစိတ်ရှိပြီး တီထွင်ဖန်တီးလိုသူ များဖြစ်ကြောင်း၊ နယ်မြေဒေသ အသီးသီးမှ ထူးချွန်ထက်မြက် သည့်လူငယ်များ စုစည်းနေသည့် အတွက် မိမိတို့၏ အတွေ့အကြုံ၊ ဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး က အမှာစကား ပြောကြားပြီး ငွေဆောင် လူရည်ချွန်စခန်းမှူး တိုင်းဒေသကြီး ပညာရေးမှူးက လူရည်ချွန်စခန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် လူရည်ချွန် မောင်မယ်များကို ရင်ထိုးတံဆိပ်များ ဂုဏ်ပြုချီးမြှင့် အပ်နှင်းရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် ဇနီး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် တာဝန်ရှိသူများက ရင်ထိုး တံဆိပ်များအား တစ်ဦးချင်းစီ ဂုဏ်ပြုချီးမြှင့် အပ်နှင်းသည်။
ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လူရည်ချွန် မောင်မယ်များနှင့် ကြီးကြပ်ဆရာ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ပြီး ငွေဆောင် လူရည်ချွန်စခန်းမှူးနှင့် လူရည် ချွန်ကြီးများက တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
ထို့နောက် လူရည်ချွန်မောင်မယ် များက ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ ဧကာဒသမတန်း လူရည်ချွန်စခန်း (ငွေဆောင်) စခန်းဖွင့်ပွဲအခမ်းအနား အောင်မြင် စွာပြီးမြောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က လူရည်ချွန် မောင်မယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ လူရည် ချွန် မောင်မယ်များအား ရင်းရင်း နှီးနှီးနှုတ်ဆက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူရည် ချွန်မောင်မယ်များနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)