
ပုသိမ် ဖေဖော်ဝါရီ ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧရာဝတီ တိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေး စက်အသုံးပြု မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသ ခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီ ရှစ်ပါတီမှ ပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက ရှင်းလင်း ဆွေးနွေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်း ဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံရေး ပါတီများမှ တိုင်းဒေသကြီးပါတီကော်မတီဥက္ကဋ္ဌများ နှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသူများက မဲပေး စက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြသည်။
MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို မွန်းလွဲပိုင်းတွင် ပုသိမ်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ၄၇၆ ဦး လက်တွေ့စမ်းသပ်မဲပေးကြသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ တွင် MEVM စက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲ ပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်