
ပုသိမ် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဒီဂရီကောလိပ် ပညာရတနာခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းPPTT(၇/၂၀)မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်း တက်ရောက်မည့်ဆရာ ဆရာမများအတွက် ထောက်ပံ့သည့် ငွေကျပ် သိန်း ၂၀ နှင့် ကြက်ဥများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းနိုင်က လက်ခံယူသည်။
ယခုသင်တန်းသို့ ပုသိမ်ခရိုင်မှ ၃၁၅ ဦး၊ ဟင်္သာတခရိုင်မှ ၂၅၀၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်မှတစ်ဦး တက်ရောက်လျက်ရှိပြီး သင်တန်း ကာလမှာ ဒီဇင်ဘာ ၂၃ ရက်မှ မတ် ၄ ရက်အထိ ရက်သတ္တပတ် ၁၁ ပတ် ကြာမြင့်မည်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပညာရေးဒီဂရီကောလိပ်များဖြစ်သည့် ပုသိမ်၌ ၅၆၆ ဦး၊ မြောင်းမြ၌ ၂၅၉ ဦး၊ ဘိုကလေး၌ ၂၄၇ ဦးတို့ သင်တန်းတက်ရောက်လျက်ရှိ ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)