ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

 

နေပြည်တော်   မေ   ၂၅


ဧရာဝတီတိုင်းဒေသကြီး   ဝန်ကြီး ချုပ်ဖလား    အသက်  ၁၉  နှစ် အောက်    အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်း တွင် ပုသိမ်မြို့ ကိုးသိန်းအားကစား ကွင်း၌  ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း    စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင် အောင်နှင့် တာဝန်ရှိသူများ၊  တိုင်း ဒေသကြီးဝန်ကြီးများ၊  ပြိုင်ပွဲဝင် အားကစားသမားများ၊ ဖိတ်ကြား ထားသူများ    တက်ရောက်ကြ သည်။

 


ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က  အဖွင့်အမှာစကား ပြော ကြားသည်။ ထို့နောက်  တိုင်းဒေသ ကြီး  ဝန်ကြီးချုပ်၊    တိုင်းမှူးနှင့် တက်ရောက်          လာကြသူများက ဘောလုံးပြိုင်ပွဲ    အဖွင့်ပွဲစဉ်ဖြစ် သည့်     ပုသိမ်ခရိုင်အသင်းနှင့် ဟင်္သာတခရိုင်အသင်းတို့   ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးကြ သည်။

 


အဆိုပါ    ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီး အတွင်းရှိ     ခရိုင်ခြောက်ခရိုင်မှ ပြိုင်ပွဲဝင်အသင်း ခြောက်သင်းဖြင့် ဇွန် ၄ ရက်အထိ   ယှဉ်ပြိုင်ကစား သွားမည် ဖြစ်ကြောင်း   သတင်းရရှိ သည်။     
    

သတင်းစဉ်