ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရားခံများအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်    နိုဝင်ဘာ    ၂၈


NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများကို အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း တို့   ဆောင်ရွက်နိုင်မှုမရှိစေရေး  ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက် လျက်ရှိရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေး မှုများကြောင့် နိုဝင်ဘာ ၆ ရက်တွင် ခိုင်စိုး(၄၈)နှစ်အား ကျိုက်လတ်မြို့ နယ် ကျုံသီဝကျေးရွာရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။


တရားခံ ခိုင်စိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၇ ရက်တွင် ဖျာပုံမြို့ နယ် သလိပ်ကြီးကျေးရွာ၌ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်(၂၈)နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၈ ရက်တွင် ကျိုက်လတ် မြို့နယ် သမက်ပြေကျေးရွာ၌ သန့်ဇင်(ခ)ကုလား(၄၉)နှစ်နှင့် ဟိန်းကို (၂၃)နှစ်တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခိုင်စိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၀ ရက်တွင် ကျိုက်လတ်မြို့နယ်   ကျုံသီဝကျေးရွာ၌  သန်းသန်းဦး(၅၃)နှစ်နှင့် ကျိုက်လတ်မြို့ (၅)ရပ်ကွက် (၁၆/၁၇)လမ်း အမှတ်(၂၂၂)၌ အောင်အောင်ဦး (၄၀)နှစ်တို့ကို လည်းကောင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် ကျိုက်လတ်မြို့နယ် ရွှေလှေရိုးကျေးရွာ၌ မြင့်မြင့်စီ(၄၆)နှစ်ကို လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ရွှေလှေရိုးကျေးရွာ၌ မြင့်မြင့်ရီ(၄၃)နှစ်ကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။ 
သိမ်းဆည်းရမိ

 


တရားခံများ၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၄ ရက်တွင် ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ် စစ်တောင်းတံတား(မုပ္ပလင်)စစ်ဆေးရေးဂိတ်၌ ကျိုက်လတ်မြို့နယ် PDF အကြမ်းဖက်အဖွဲ့မှ ထွဋ်နောင်ဦး(ခ)စီးဖိန်(၂၃)နှစ်၊ ချမ်းမြေ့သူ(ခ)ကြက်ကြီး(၂၆)နှစ်နှင့် မျိုးကိုကို(၂၁)နှစ်တို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး   ချမ်းမြေ့သူ(ခ)ကြက်ကြီး၏   ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် ကျိုက်လတ်မြို့ ဘုံလုံချောင်းတံတားအနီး၌ အောင်သူ(၃၇)နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ကျိုက်လတ် မြို့နယ်   သပြေတန်းကျေးရွာ   အနောက်ဘက် လယ်ကွင်းအတွင်း၌ COLT  DEFENDER အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ၁၅ တောင့်၊ ကျည်အိမ်တစ်ခုအား သိမ်းဆည်းရမိခဲ့သည်။
တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန်၏ ထွက်ဆိုချက်အရ နိုဝင်ဘ

ာ ၁၅ ရက်တွင် ဒေးဒရဲမြို့နယ် ကျိုက်လတ်မြစ်ကမ်းအနီး မိချောင်းအိုင် ကျေးရွာ ချောင်းဝတွင် RETAY MOD 92 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်  ၅ တောင့်၊ ကျည်အိမ် ၁ ခု အား သိမ်းဆည်းရမိ ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် ကျိုက်လတ်မြို့ (၃)ရပ်ကွက် (၇)လမ်းနှင့် (၈)လမ်းထောင့်ရှိ စိန်ဖုန်းရောင်းဝယ်ရေးဆိုင်၌ သဉ္ဇာလင်း(၂၃)နှစ်ကို ဖမ်းဆီးရမိခဲ့သည်။
တရားခံ မြင့်မြင့်စီ၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၇ ရက်တွင် ကျိုက်လတ်မြို့နယ် ခမုံကျေးရွာ၌ ဗညားအောင်(၂၄)နှစ်နှင့် ဘိုကလေး မြို့နယ် သူဌေးကုန်းကျေးရွာ၌ တင်အောင်မိုး(၅၀)နှစ်တို့ ၂ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိ
တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန်၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၇ ရက်တွင် ကျိုက်လတ်မြို့နယ် ကျုံတုံးလက်ပံကျေးရွာ၌ မျိုးသန့်ဦး (၅၁)နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ကျုံသီဝကျေးရွာရှိ ခိုင်စိုး၏နေအိမ်မှ စနိုက်ပါ မှန်ပြောင်း ၁ ခု၊ လက်လုပ်မိုင်း ၂ လုံး၊ TNT ယမ်းတောင့် ၅ တောင့်၊ ဒီတိုနေတာ ၅ ချောင်းနှင့် အခြားဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကာ ဖျာပုံမြို့ (၁၈)ရပ်ကွက် ဗိုလ်မြတ်စံ လမ်း၌ ကျော်ဇောဟိန်း(ခ)ထော်လေး(၂၂)နှစ်နှင့် ငြိမ်းချမ်းဦး (၂၃)နှစ် တို့  ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။


တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၉ ရက်တွင် ကျိုက်လတ်မြို့နယ် ပရိုက်ကြံခင်းအုပ်စု စခန်းကြီးကျေးရွာ ချောင်းအစပ်၌ ဆာလာအိတ်နှင့် ထည့်ထားသော လက်လုပ်လေသေနတ် နှစ်လက်အား သိမ်းဆည်းရမိခဲ့ပြီး တရားခံ ငြိမ်းချမ်းဦး၏ ထွက်ဆိုချက် အရ နိုဝင်ဘာ ၁၉ ရက်တွင် ဖျာပုံမြို့ (၁)ရပ်ကွက် ဓနိတော(၁)လမ်း၊ ဖျာပုံတံတားအောက်၌     သိန်းတန်(၅၅)နှစ်နှင့်  ခင်ဇော် (၄၉)နှစ်တို့ ၂ ဦးကိုလည်းကောင်း၊ တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၂၁ ရက်တွင် ဖျာပုံမြို့နယ် ဒေါ်ညိမ်းအုပ်စု ဗန်ဒါပင် ကျေးရွာ၌ ချစ်ကိုကို(၃၀)နှစ်ကိုလည်းကောင်း  ထပ်မံဖမ်းဆီးရမိခဲ့သည်။



ဖြစ်စဉ်တွင် တရားခံ ကျား ၁၇ ဦး၊ မ ၄ ဦး ပေါင်း ၂၁ ဦး ကို ပစ္စတို ၂ လက်၊ ၎င်းကျည်တောင့် ၂၀၊ ကျည်အိမ် ၂ ခု၊  လက်လုပ် လေသေနတ် ၂ လက်၊ စနိုက်ပါ မှန်ပြောင်း ၁ ခု၊ လက်လုပ်မိုင်း ၂ လုံး၊  TNT  ယမ်း ၅ တောင့်၊ ဒီတိုနေတာ ၅ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖော်ထုတ်သိရှိ


တရားခံများ၏ ထွက်ဆိုချက်အရ ဧပြီ ၁၂ ရက်မှ မေ ၂၀ ရက် အထိ  ထွဋ်နောင်ဦး(ခ)စီးဖိန်၊ ချစ်ကိုကို၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ် သော နေနိုင်(ခ)ကိုသက်၊ ကောင်းထက်လင်း၊ နေမျိုးအောင်၊ ဆန်းလင်း (ခ)ဆန်းလင်းအောင်နှင့် အောင်အောင်ကျော် တို့သည် မိုးညှင်းမြို့နယ်ရှိ KIA တပ်မဟာ(၈)တွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် ထွဋ်နောင်ဦး(ခ)စီးဖိန်၊ နေနိုင်(ခ)ကိုသက်နှင့် ဆန်းလင်း(ခ)ဆန်းလင်းအောင် တို့သည် ဇူလိုင် ၂၀ ရက်ခန့်တွင် ဖောက်ခွဲ ရေးဆင့်ပွားသင်တန်း အမှတ်စဉ်(၁)အား ဖမ်းဆီးရန်ကျန် တရားခံ ဆန်ဇာ၊ ဗလကြီး၊ လပြည့်၊ ဒူးရှည်၊ ခေါကြီးနှင့် ကြက်ခေါင်းတို့ ၆ ဦး ကို ကျိုက်လတ်မြို့နယ် ကျုံသီဝကျေးရွာရှိ ခိုင်စိုး၊ သန်းသန်းဦးတို့၏ နေအိမ်၌ ၆ ရက်ခန့် သင်ကြားပေးခဲ့ကြောင်းနှင့် ဇူလိုင်လ စတုတ္ထပတ် ခန့်တွင် ဖောက်ခွဲရေးဆင့်ပွားသင်တန်း အမှတ်စဉ်(၂)နှင့် (၃)တို့အား မျိုးကိုကို၊ ဖမ်းဆီးရန်ကျန် တရားခံ ဂျိုကာ(ခ)ဂျိုကြီး အပါအဝင် ၁၄ ဦးတို့ကို သင်ကြားပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 
ဩဂုတ်လ ပထမပတ်တွင် ဖောက်ခွဲရေးဆင့်ပွားသင်တန်း အမှတ် စဉ်(၄) အား သန့်ဇင် (ခ)ကုလား၊ ဟိန်းကိုနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကြီး(ခ)ကျော်သူ၊ အောင်ကိုမင်း တို့ ၄ ဦးကို သမက်ပြေကျေးရွာ တွင်လည်းကောင်း၊  ဩဂုတ်လ ဒုတိယပတ်တွင် ဖောက်ခွဲရေးဆင့်ပွား သင်တန်း အမှတ်စဉ်(၅)အား ကျုံတုံးလက်ပံကျေးရွာရှိ မျိုးသန့်ဦး၏ နေအိမ်တွင်လည်းကောင်း သင်ကြားပေးခဲ့ကြောင်း ဖော်ထုတ်သိရသည်။


တရားခံများ၏ ထွက်ဆိုချက်အရ ဇွန် ၂၉ ရက်တွင် ထွဋ်နောင်ဦး (ခ)စီးဖိန်၊  ပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ချမ်းမြေ့သူ(ခ)ကြက်ကြီး၊ နေနိုင် (ခ) ကိုသက် တို့က ဦးဆောင်၍ ကျိုက်လတ်မြို့နယ် PDF အကြမ်းဖက် အဖွဲ့အား ဖွဲ့စည်း၍ ဖျာပုံခရိုင် PDF အကြမ်းဖက်အဖွဲ့တာဝန်ခံအဖြစ် ထွဋ်နောင်ဦး(ခ)စီးဖိန်၊ ဖျာပုံမြို့နယ် တာဝန်ခံအဖြစ် ဖမ်းဆီးရန်ကျန် အောင်သူ၊ ဘိုကလေးမြို့နယ်တာဝန်ခံအဖြစ် ဖမ်းဆီးရန်ကျန် ကိုဂျစ် တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက်အရ မြင့်မြင့်စီ၊ မြင့်မြင့်ရီ၊ ဗညားအောင်၊ တင်အောင်မိုးနှင့် အောင်သူ တို့သည် PDF အကြမ်းဖက်အဖွဲ့ဝင်များကို လိုအပ်သောထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျော်ဇောဟိန်း (ခ)ထော်လေး၊ ငြိမ်းချမ်းဦး၊ သိန်းတန် နှင့် ခင်ဇော် တို့သည် ထွဋ်နောင် ဦး(ခ)စီးဖိန် ထံတွင်    အကြမ်းဖက်ဖောက်ခွဲရေးဆင့်ပွားသင်တန်း တက်ရောက်၍ ဖျာပုံမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ရန် စီစဉ်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။


တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ ထွက်ဆိုချက်အရ ဇွန်လအတွင်း ကျုံသီဝကျေးရွာနေ ၎င်း၏နေအိမ်၌ လက်လုပ်မိုင်းများ ပြုလုပ်ခဲ့ကြောင်း ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန် တရားခံ ဂျပန်ကြီး(ခ)အောင်ခန့်ဇော် ထံမှ ပစ္စတို သေနတ် ၂ လက်၊ ကျည်တောင့် ၂၀၀၊ ကျည်အိမ် ၂ ခု တို့အား ငွေကျပ်သိန်း ၅၀ ဖြင့် ချိတ်ဆက်ဝယ်ယူခဲ့ကြောင်း၊ အောင်အောင် ဦးသည် စက်တင်ဘာလတွင် တောင်ကြီးမြို့မှ ဝယ်ယူခဲ့သော Air Gun ၁ လက်အား ၎င်းထံသို့ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ ထွက်ဆိုချက်အရ နေနိုင်(ခ)ကိုသက်နှင့်အတူ ဇွန် ၁၂ ရက်တွင်   ကျိုက်လတ်မြို့ (၁)ရပ်ကွက်ရှိ (အထက-၁) ကျောင်းဝင်း၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ ဇွန် ၂၉ ရက်တွင် (၁)ရပ်ကွက်  ကျိုက်လတ် - ဖျာပုံကားလမ်းဘေး (အထက-၁)ကျောင်းရှေ့ ခြံစည်းရိုးအပြင်ဘက်၌ လက်လုပ်မိုင်း ၂ လုံး ကို လည်းကောင်း၊ (၃)ရပ်ကွက် ကန်တော်ကြီးလမ်း မြို့နယ်ပညာရေး မှူးရုံး  အနောက်ဘက်စတိုခန်းဘေး၌  လက်လုပ်မိုင်း ၁ လုံးကို လည်းကောင်း၊ (၁)ရပ်ကွက် ကျိုက်လတ်-ဖျာပုံကားလမ်းဘေး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်၌ လက်လုပ်မိုင်း ၁ လုံးကို  လည်းကောင်း ဖောက်ခွဲခဲ့ရာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှ အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ထို့ပြင် ထွဋ်နောင်ဦး(ခ)စီးဖိန်နှင့် ပြည့်ဖြိုးအောင်(ခ)ကိုပြည့်တို့ နှစ်ဦးသည် အောက်တိုဘာ ၃ ရက်တွင် ဒေးဒရဲမြို့နယ် ချောင်းဖျားကြီး ကျေးရွာရှိ  မြို့အဝင်ဆိုင်းဘုတ်အနီး၌   လက်လုပ်မိုင်း ၁ လုံးကို လည်းကောင်း၊  အောက်တိုဘာ ၁၀ ရက်တွင် ကျိုက်လတ်မြို့ (၂)ရပ်ကွက် (၂)လမ်းရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့၌ လက်လုပ်မိုင်း ၃ လုံးကို လည်းကောင်း၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့် နှင့် ဒူးရှည်တို့ နှစ်ဦးသည် အောက်တိုဘာ ၂၀ ရက်တွင် ကျိုက်လတ်မြို့နယ် ဒေါင့်ကြီးကျေးရွာရှိ Mytel တာဝါတိုင်အား လက်လုပ်မိုင်း ၁ လုံးဖြင့်လည်းကောင်း ဖောက်ခွဲ ခဲ့ကြောင်းနှင့်  ဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း ခုနစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထောက်ပံ့ပေးလျက်ရှိ


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သဉ္ဇာလင်း၊ အောင်အောင်ဦး၊ ထွန်းထွန်း၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော နေခြည်အေးမြင့်၊ ဂျစ်တူး(ခ)ဝေမာလွင် (ဘိုကလေးမြို့နယ် NLD ပါတီ ဝင်)နှင့် သန်းထိုက်ဦး(ကျိုက်လတ်မြို့နယ် NLD ပါတီဝင်)တို့က အကြမ်း ဖက်လုပ်ငန်းများဆောင်ရွက်ရန် Mission များ သတ်မှတ်၍ ထောက်ပံ့ ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။


အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်း ဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိ ရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက်   ပြည်သူတစ်ရပ်လုံး   ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း  သက်ဆိုင်ရာမှ  သတင်းရရှိသည်။                                                            

   သတင်းစဉ်